16.11.16

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီ Harman ကို ဒေါ်လာ ၈ ဘီလီယံနဲ့ Samsung ၀ယ်ယူ


တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ ယခုဆိုရင် အမေရိကန်အခြေစိုက်
 နည်းပညာလုပ်ငန်း Harman International Industries ကိုဒေါ်လာ ၈ ဘီလီယံနဲ့ ၀ယ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဆိုပြီး ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။Harman မှာ ကားလုပ်ငန်းများအတွက်connected car (ကားတွင်းinternet နှင့်အခြားနည်းပညာများ)၊အသံပိုင်းဆိုင်ရာနဲ့ visual ပိုင်းဆိုင်ရာပစ္စည်းများကိုထုတ်လုပ်နေပါတယ်Harman International Industries ဟာ AKG Acoustics, AMX, Crown Audio, Harman/Kardon, Infinity, JBL, တို့အပါအ၀င်brand ပေါင်း ၂၀ ကျော်ထုတ်လုပ်နေတာဖြစ်ပါတယ်။


ယင်းဝယ်ယူမှုဟာဆိုရင် တောင်ကိုရီးယားကုမ္ပဏီအတွက် အကြီးဆုံးပြည်ပ၀ယ်ယူမှုတစ်ခုလည်း ဖြစ်လာခဲ့ပြီး ကုမ္ပဏအနေနဲ့ ယခုဆိုရင်အော်တိုအီလက်ထရောနစ် ဈေးကွက်ထဲ ၀င်ရောက်ဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ယခင်ကာလတွေတုန်းက ယခုလိုမျိုး ၀ယ်ယူမှုကြီးကြီးမားမားတွေလုပ်မထားသေးတဲ့ Samsung အတွက်ကတော့ ယခုဝယ်ယူမှုနဲ့အတူ မဟာဗျူဟာမြောက် အပြောင်းအလဲတစ်ခုကို လုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

" ဒီသဘောတူညီမှုက ကြီးမားလှပါတယ်၊ ဒါကလည်း Jay Y.Lee ရဲ့ဦးဆောင်မှုအောက်မှာ ကုမ္ပဏီဟာ ပြောင်းလဲမှုတွေ ရှိနေပြီး လုပ်ငန်းကြီးထွားဖွံ့ဖြိုးဖို့ နည်းလမ်းသစ်တွေ ရှာဖွေတာလို့လည်း ပြောလို့ရပါတယ်" ဆိုပြီး ယခုသဘောတူညီမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။

ကမ္ဘာတစ်ဝန်းက မော်တော်ကားထုတ်လုပ်သူတွေ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သူတွေအတွက် အင်တာနက်ကွန်ရက်ချိတ်ဆက်ဆက်သွယ်မှုနည်းပညာတွေကို ထုတ်လုပ်ပေးနေတဲ့ ယခုလိုမျိုး Connecticut အခြေစိုက် နည်းပညာထုတ်လုပ်ရေးလုပ်ငန်းကို ၀ယ်ယူလိုက်တာက Samsung အတွက် လုပ်ငန်းကြီးထွားမှုနယ်ပယ်သစ်တွေကို ရှာဖွေဖို့ အားထုတ်လာတာလို့ ပြောလို့ရပါတယ်။ ယင်းရဲ့ အဓိကလုပ်ငန်းကြီးဖြစ်တဲ့ စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်းမှာတော့မီးလောင်ပေါက်ကွဲမှုရှိခဲ့တဲ့ Note 7 ဖုန်းပြဿနာနဲ့အတူ ကြီးကြီးမားမားထိခိုက်မှုတွေ ရှိထားခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment