16.11.16

အမေရိကန်ဒေါ်လာငွေလဲနှုန်းကျပ်၁၃၀၀ ကျော်သို့ရောက်ရှိလာ၊ ထပ်မံမြင့်တက်နိုင်သဖြင့် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ဟုဆို

ယခုနှစ်အ တွင်း ပြည်တွင်းအမေရိကန်ဒေါ် လာ ငွေ လဲနှုန်း အမြင့်ဆုံးအဖြစ်တစ်ဒေါ် လာလျှင် ပြည် ပဈေးကွက်အတွင်း ကျပ် ၁၃၀၀ ကျော်သို့ ရောက်ရှိ လျက်ရှိရာ ထပ်မံမြင့်တက်နိုင်သည့် အလားအလာ များကြောင့် ဗဟို ဘဏ်အပါအဝင် သက်ဆိုင်ရာဝန် ကြီးဌာနများအနေဖြင့် ကြိုတင်ပြင် ဆင်မှုများဆောင်ရွက်ရန် လိုအပ်နေ ကြောင်း ငွေကြေးဈေး ကွက်လေ့လာ သူများ၏ ပြောကြားချက်အရ သိရ သည်။
လက်ရှိ နိုဝင်ဘာ ၁၅ ရက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ငွေလဲနှုန်း တွင် အမေရိကန်တစ်ဒေါ်လာ မြန်မာ ငွေ ၁၂၈၅ ကျပ် ဖြစ်သော် လည်း ပြင် ပ ငွေကြေးဈေးကွက်အတွင်း အမေရိ ကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၃၀၁ ကျပ်၊ ရောင်းဈေးကျပ် ၁၃၀၆ သို့ရောက်ရှိနေကြောင်း သိရသည်။
ဘဏ်လုပ်ငန်းကျွမ်းကျင်သူဦးရဲ မင်းဦးက " အမေရိကန်ရွေးကောက် ပွဲမတိုင်ခင်ကတည်း နိုင်ငံတကာက လည်း ရွေးကောက် ပွဲနောက်ပိုင်း မှာ ဒေါ်လာဈေးတက်လာမယ်ဆိုတာကို ခန့်မှန်းထားပြီးသားပါ။ ဒေါ်လာဈေး တက်လာတဲ့အတွက် ဘာဖြစ်မလဲ ဆိုတော့ ပြည်တွင်းမှာက အကုန်လုံး နီးပါးကို ပြည်ပကနေသွင်းပြီးနေရ တယ်။ ဒေါ်လာနဲ့ဝယ်ရတာဖြစ်တဲ့ အတွက် ဒေါ် လာဈေးမြင့် ရင် ကုန် ဈေးနှုန်းတွေ တက်လာနိုင်တယ်။ အခု အမေရိကန်သမ္မတသစ်က ကျမ်းမ ကျိန်ရသေးဘူး။ သူလက်ထက်မှာ အ မေရိကန် စီးပွားရေးကောင်းလာ အောင် မူဝါဒတွေချမှတ်ပြီး အင်တိုက် အားတိုက်ပြုပြင်ပြောင်းလဲမှုတွေ လုပ် မယ်ဆို ရင် ဒေါ်လာဈေးက ဆက် တက်လာနိုင်သေးတယ်။ အဲဒီအချိန် မှာကုန်ဈေးနှုန်းထပ်တက်လာရင် ဖြစ် လာမယ့်အကျိုးဆက် ကို ထိန်းသိမ်း နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိ သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားဖို့လိုပြီလို့ ထင်ပါ တယ်။ ဌာနတစ်ခုတည်းကလုပ်လို့ တော့မရဘူး။ ဗဟိုဘဏ်နဲ့အစိုးရဝန် ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက် ဖို့လိုပါတယ်။ တာဝန်ရှိသူတွေအနေ နဲ့ ပြင်ဆင်ထားပြီးသား အစီအစဉ် တွေလည်း ရှိရင်ရှိနိုင်ပါတယ် " ဟု နိုဝင်ဘာ ၁၅ ရက်က ဒီမိုကရေစီတူ ဒေးသို့ပြောသည်။
နိုင်ငံတကာတွင် အမေရိကန် ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုနှင့် အတူ ပြည် တွင်း၌ ပုံမှန်မဟုတ်သည့် အမေရိကန်ဒေါ်လာငွေကြေး အပေါ် ဈေးကစား မှုများ မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် စောင့် ကြည့်ကြပ် မတ် မှုများကို ဆောင် ရွက်သင့်ကြောင်း စီးပွားရေးပညာ ရှင်အချို့ကဆိုသည်။
စီးပွားရေးပညာရှင် ဦးလှမောင် က " ဒေါ်လာဈေးနှုန်းမြင့်တက်မှု အ ပေါ်မှာ ပြည် တွင်း မှာ သက်ရောက်မှု အနည်း ဆုံးဖြစ်အောင် ဆောင် ရွက် ဖို့ဆိုရင် ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ အရေးအကြီးဆုံးပါပဲ။ ဈေးကွက်ထဲ မှာမြင့်လာမယ့် ဒေါ်လာ လိုအပ်ချက် ကို ပုဂ္ဂလိကဘဏ်တွေ ဖြည့် ဆည်း ပေးရမယ်။ ဗဟိုဘဏ်အနေနဲ့ ပုဂ္ဂ လိကဘဏ်တွေကို ဘယ်လောက် အ တိုင်းအတာအထိ ကျားကန်ပေးနိုင် မလဲဆိုတာ အရေးကြီးပါ တယ်။ အဲဒီ အတွက် ဗဟိုဘဏ်မှာ နိုင်ငံတကာ ကျွမ်းကျင်ပညာ ရှင်တွေ အများကြီး ထပ်ခန့်ထားဖို့လိုပါတယ်။
လက်ရှိ ပြည်တွင်းလှည့်လည်ငွေကများပြီး ငွေကြေးဖောင်းပွမှုတွေရှိနေတဲ့အ တွက် မြန်မာငွေတန်ဖိုးကျဆင်းနေ တယ်။ အစိုးရသစ်အနေနဲ့ အသုံး စရိတ်လည်း လျှော့ချတာမရှိတဲ့အ တွက် မြန်မာငွေတန်ဖိုးကလည်း ဆက် လက် ကျဆင်းနေမယ်။ အဲဒီအပေါ် မှာ ဗဟိုဘဏ်ရဲ့မူဝါဒတွေ၊ ထိန်း ကျောင်းမှုတွေ အရေးပါပါတယ် " ဟု ဆိုသည်။
အစိုးရသစ်လက်ထက် ခုနစ်လ တာကာလအတွင်း လစဉ်ပျမ်းမျှ အားဖြင့် ဧပြီလမှ ဇူလိုင်လအထိ အ မေရိကန်ဒေါ်လာလဲ လှယ်နှုန်းထား များမှာကျပ် ၁၂၀၀ ဝန်းကျင်ခန့်မှ သြဂုတ်လတွင် ၁၂၁၈ ကျပ်၊ စက်တင် ဘာလတွင် ကျပ် ၁၂၇၀ ဝန်းကျင်၊ အောက်တိုဘာလတွင် ၁၂၉၆ ကျပ် နှင့် နိုဝင်ဘာလ ၁၅ ရက်တွင် ၁၃၀၆ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင်ဦးသိန်း နိုင်က " လက်ရှိအမေရိကန်သမ္မတ အဖြစ်ရွေးချယ်ခံရတဲ့ဒေါ်နယ်ထရန့် ကလည်း စီးပွားရေးသမားဖြစ်တဲ့ အတွက် အမေရိကန်ရဲ့စီးပွားရေး ကောင်းအောင် ဆောင်ရွက်မယ်လို့ ယူဆကြတယ်။ အဲဒီအတွက် ဒေါ်လာ ဈေးက တက်မယ်လို့ခန့်မှန်းကြတယ်။ လက်ရှိ ပြည်တွင်း အနေအထားက လည်း အိတ်စ်ပို့ကနည်းပြီး အင်ပို့က များနေတဲ့အတွက် ဒေါ်လာလိုအပ် ချက်ကမြင့်နေတယ်။ ဒေါ်လာဈေး တက်ရင် ပြည်တွင်းမှာ ကုန်ဈေးနှုန်း တွေ တက်လာမယ်။ နောက်တစ်ချက် က နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ မြန်မာနိုင်ငံလို မြေဈေး၊ သယ် ယူပို့ဆောင် စရိတ်တွေ မြင့်မားနေတဲ့ နိုင်ငံမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ ဆိုရင် ဒေါ်လာတန်ဖိုးမြင့်နေဖို့လို တယ်။ အဲဒါမှလည်း သူတို့လည်း ဝင် လာချင်တယ်။ ဒေါ်လာတန်ဖိုးအခု လိုတက်ရင် နိုင်ငံတကာရင်းနှီးမြှုပ်နှံ မှုတွေပိုဝင်လာနိုင်မယ်။ အစိုးရသစ် အနေနဲ့လည်း ရေ ရှည်စီးပွားရေးတိုး တက်မှုအတွက် ဆောင်ရွက်နေသလို ရေတိုစီးပွားရေးတိုးတက်မှုအတွက် စီမံကိန်းတွေကို လည်း အကောင်အ ထည်ဖော်ဖို့လိုပါတယ်။ အစိုးရအနေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်မယ့် စီးပွားရေး လုပ်ငန်းတွေ ဖန်တီးပေးဖို့လိုပါတယ်။ အဲဒါမှလည်း လူတစ်ဦးချင်းဝင်ငွေတိုး တက်လာပြီး ငွေဖောင်းပွမှုရဲ့နောက် ဆက်တွဲပြဿနာတွေကို ရင်ဆိုင်နိုင် မှာဖြစ်ပါတယ်။ အခုလိုအခြေအနေ မျိုးမှာတော့ ပြည်သူတစ်ဦးချင်းအ နေနဲ့ကလည်း အတတ်နိုင်ဆုံး ခြိုး ခြံချွေတာတော့ အကောင်းဆုံးဖြစ် မှာပါ ဓ ဟု ဆိုသည်။

Credit To >>> Democracy Today

0 comments:

Post a Comment