16.11.16

နိုင်ငံတကာသစ်ကုန်စည်ပြပွဲတွင် မြန်မာသစ်များ တရားမ၀င်ရောင်းဝယ်သည်ဟု တိုင်ကြားခံရသည့် ဥရောပအခြေစိုက် သစ်ကုမ္ပဏီနှစ်ခု ၀င်ရောက်ပြသနေ

နယ်သာလန်နိုင်ငံ အမ်စ တာဒမ်မြို့တွင် နိုဝင်ဘာ ၁၅ ရက် မှ ၁၇ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာသစ် ကုန်စည်ပြပွဲ၌ ဥရောပကော်မ ရှင်သို့ တရားမ၀င်မြန်မာကျွန်း သစ်များ ရောင်းဝယ်ဖောက်ကား နေသည်ဟု တိုင်ကြားခံရသော ဥရောပအခြေစိုက်သစ်ကုမ္ပဏီ နှစ်ခုဝင်ရောက်ပြသနေကြောင်း EIA အဖွဲ့က နိုဝင်ဘာ ၁၅ ရက် တွင် သတင်းထုတ်ပြန်သည်။


တိုင်ကြားခံထားရသော ကုမ္ပဏီနှစ်ခုသည် ဘယ်လ်ဂျီယံ နိုင်ငံသို့ သစ်များတင်သွင်းနေ သည့် Crown Teak ကုမ္ပဏီနှင့် နယ်သာလန်နိုင်ငံသို့ တင်သွင်း နေသည့် Royal Deck ကုမ္ပဏီ လက်အောက်ရှိ Boogaerdt Wood ကုမ္ပဏီတို့ဖြစ်ပြီး ပြပွဲကျင်းပသည့် METSTRADE နှင့် သဘောတူညီသည့် စာချုပ်ချုပ်ဆိုခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။
ဥရောပသစ်ဈေးကွက်တွင် မြန်မာ့ကျွန်းသစ် ရောင်းဝယ် ဖောက်ကားသည့် ကုမ္ပဏီများအ နက် အဆိုပါကုမ္ပဏီနှစ်ခုမှာ အ များဆုံးရောင်းဝယ်ဖောက်ကား သည့် ကုမ္ပဏီဖြစ်သည်။
ဥရောပနိုင်ငံများက ချမှတ် ထားသော သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဉ်းဥပဒေများ ချိုးဖောက် ပြီး မြန်မာသစ်များ ရောင်းဝယ် ဖောက်ကားခဲ့၍ လန်ဒန်အခြေစိုက်သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေးအဖွဲ့ EIA က အဆိုပါကုမ္ပဏီနှစ်ခုကို အရေးယူပေးရန် ဥရောပကော်မရှင်သို့ အောက်တိုဘာက တိုင်ကြားခဲ့သည်။
မြန်မာနိုင်ငံမှ ၀ယ်ယူ၍ ဥရောပဈေးကွက်သို့ မြန်မာ့ကျွန်း သစ်များတင်ပို့နေသည့် ကုမ္ပဏီ ကိုးခုရှိပြီး အဆိုပါကုမ္ပဏီများမှာ Antonini Legnami, Basso Lengnami, Bellotti, Spa, Boogaerdt Wood, Gold Teak Holdings, World Wood, CrownTeak, Keflico, Teak Solutions ကုမ္ပဏီတို့ဖြစ်ကြောင်း EIA က သတင်းထုတ်ပြန်ထားသည်။
အဆိုပါကုမ္ပဏီများသည် အီတလီ၊ နယ်သာလန်၊ ဘယ်လ် ဂျီယံ၊ ဒိန်းမတ်နှင့် ဂျာမနီနိုင်ငံများ သို့ သစ်တင်ပို့နေသော ကုမ္ပဏီ များဖြစ်ပြီး အီတလီအခြေစိုက် ကုမ္ပဏီ သုံးခု၊ နယ်သာလန်နိုင်ငံ အခြေစိုက် ကုမ္ပဏီ သုံးခု၊ ဘယ်လ်ဂျီယံအခြေစိုက်ကုမ္ပဏီတစ်ခု၊ ဒိန်းမတ်အခြေစိုက်ကုမ္ပဏီတစ်ခု နှင့် ဂျာမနီအခြေစိုက်ကုမ္ပဏီတစ် ခုတို့ပါဝင်သည်။
အဆိုပါကုမ္ပဏီများကို အ ရေးယူပေးရန် EIA အဖွဲ့က ဥရောပသမဂ္ဂနိုင်ငံများ၏ အာဏာပိုင် များနှင့် ဥရောပကော်မရှင်တို့ကို တိုင်ကြားထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment