17.11.16

ဒေါက်တာအေးမောင် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်လစ်လပ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ

လာမည့်ကြားဖြတ်ရွေး ကောက်ပွဲ၌ ရခိုင်ပြည်နယ် အမ်း မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP)ဥက္ကဋ္ဌ ဒေါက်တာအေး မောင်ကိုယ်စားလှယ်အဖြစ် ဝင် ရောက်ယှဉ်ပြိုင်ရန် အလားအလာရှိနေကြောင်း သတင်းရရှိသည်။

ကြားဖြတ် ရွေးကောက်ပွဲ တွင် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရန် လတ်တလော မပြောတတ် သော်လည်း ပါတီနှင့်လူထု၏သ ဘောထားအရ ရွေးချယ်လာပါက မည်သည့်ပုဂ္ဂိုလ်မဆို ပါတီကိုယ် စားဝင်ပြိုင်ရန် လိုအပ်သည်ဟု ဒေါက်တာအေးမောင်က ပြော ကြားသည်။
‘‘ကျွန်တော်တို့လေ့လာရေး အဖွဲ့လွှတ်ထားတယ်။ ဒေသခံလူ ထုဘက်က လိုလားတဲ့ပုဂ္ဂိုလ်ရှာ နေကြတယ်။ ကျွန်တော်တို့က ပါ တီရဲ့မူအတိုင်းသွားမယ်။ လူထု သဘောထားက တင်ပေးလိုက်တဲ့ အမည်ဟာ ဘယ်သူဖြစ်ဖြစ် ပါတီ ဆုံးဖြတ်ချက်အရ ပြိုင်ရမယ်။ မည်သည့်ပုဂ္ဂိုလ်ဖြစ်ဖြစ် ရွေးရင် ရွေး တဲ့ပုဂ္ဂိုလ်က ပါတီကိုယ်စားပါတီ အတွက်၊ လူထုအတွက် ပြိုင်ရ မယ်။ ပြိုင်ဖို့ လိုအပ်တယ်’’ဟု ပြောသည်။
လစ်လပ်နေသည့် အမ်းပြည် သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင် ပြိုင်မည့် ကိုယ်စားလှယ်ရွေးချယ် နိုင်ရေးအတွက် အဖွဲ့ဝင်ခြောက် ဦးပါသည့် လေ့လာရေးကော်မတီ ကို ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေ မြို့၌ ကျင်းပခဲ့သည့် ANP ဗဟို အလုပ်အမှုဆောင် ကော်မတီအ စည်းအဝေး၌ ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့် နိုဝင်ဘာ ၂၅ ရက်တွင် ဗဟိုသို့ အစီရင်ခံစာတင်ရ မည်ဖြစ်ကြောင်း သိရသည်။
‘‘အဲဒီအစီရင်ခံစာပေါ်လိုက် ပြီး ဘယ်သူ့ကို ဝင်ပြိုင်ခိုင်းမယ်ဆို တာ အဲဒီနောက်ပိုင်းမှ အဖြေထွက်မှာပါ။ အဖွဲ့ကို အထွေထွေအ တွင်းရေးမှူး ဦးဆောင်ပြီး ဖွဲ့လိုက် တာ’’ဟု ANP အတွင်းရေးမှူး ဦး အောင်မြကျော်က ပြောသည်။
ပါတီဥက္ကဋ္ဌ ဒေါက်တာအေး မောင်ဝင်ပြိုင်မည့် အလားအလာ နှင့်ပတ်သက်၍ ဦးအောင်မြကျော် က ‘‘အဲဒါကတော့ ပြောနေကြတာ ပဲရှိတယ်။ ပါတီရဲ့ဆုံးဖြတ်ချက် က အဲဒီ ၂၅ နောက်ပိုင်းမှ ထွက် မှာပါ။ အဖွဲ့ရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ထွက်မှာပါ။ ဘယ်သူ ပဲဖြစ်ဖြစ် ပါတီမှာရှိတဲ့ ဘယ်အ ဆင့်ပဲဖြစ်ဖြစ် ဘယ်သူပဲပြိုင်မယ် ပြောပြော အဲဒီဆုံးဖြတ်ချက်နဲ့သွား မယ်ဆိုတဲ့ စီအီးစီဆုံးဖြတ်ချက်ရှိ ပါတယ်’’ဟု ဆိုသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် တွင် မဲပေးခွင့်ရှိသူ နှစ်သောင်း ကျော်ရှိရာ မဲပေးခွင့်ရှိသည့် တပ် မတော်သားနှင့် တပ်မိသားစုဝင် အများအပြားရှိနေကြောင်း၊ ပြီးခဲ့ သည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နှစ် နေရာ အနိုင်ရရှိပြီး ရခိုင်အမျိုး သားပါတီက နှစ်နေရာအနိုင်ရရှိခဲ့ ကြောင်း သိရသည်။
အမ်းပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးသိန်းဆွေသည် လက်ရှိတွင် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်နေ၍ အဆိုပါမဲဆန္ဒနယ် သည် လွှတ်တော်အမတ်တစ်နေ ရာ လစ်လပ်နေခြင်းဖြစ်သည်။
‘‘အမ်းအခြေအနေကတော့ တပ်အင်အားက များတယ်လေ။ မဲပေးနိုင်တဲ့အတိုင်းအတာက အ နောက်ပိုင်းတိုင်းရုံးစိုက်တဲ့နေရာ ဆိုတော့ တပ်မိသားစုက တော် တော်များတယ်။ အဲဒီတော့ ဦး သိန်းဆွေတို့နိုင်တာလည်း အဲဒီလို အပိုင်းကဏ္ဍပဲ။ ဦးသိန်းဆွေတို့၊ ဗိုလ်ချုပ်မောင်မောင်အုန်းတို့နိုင် တာလည်း တပ်ရဲ့ကြိုတင်မဲတွေ၊ တပ်ကပေးတဲ့ မဲတွေနဲ့ နိုင်သွား တာ။ အခုလည်း အဲဒီအပိုင်းက တော့ အားသာတဲ့အပိုင်းကတော့ ရှိတာပေါ့’’ဟု ဦးအောင်မြကျော် က ဆိုသည်။
လာမည့် ကြားဖြတ် ရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီအနေဖြင့် အမ်းပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေရာအ တွက် အဓိကယှဉ်ပြိုင်ရမည့်ပါတီ မှာ လတ်တလောအခြေအနေအ ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီနှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသာဖြစ် သည်ဟု ၎င်းက သုံးသပ်ပြောကြား သည်။
လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသောမဲဆန္ဒနယ်များ အတွက် ကြားဖြတ်ရွေးကောက်ပွဲ များကို ၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပရန် သတ်မှတ်ထားပြီး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိ ကြောင်း သိရသည်။
Credit  To>>> 7 Day Daily

0 comments:

Post a Comment