25.11.16

တနင်္သာရီတိုင်းရှိ ကျွန်း ၂၂ ကျွန်းကို ငှားရမ်းရန် တိုင်းဒေသကြီးအစိုးရအဖွဲ့စိစစ်

ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပ ဏီ ၂၂ ခုမှ ငှားရမ်းမည့် ကျွန်း ၂၂ ကျွန်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က စိစစ်လျက်ရှိ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေး ၀န်ကြီးဌာန၀န်ကြီးဦးအုန်း မောင်က နိုဝင်ဘာ ၂၃ ရက်က အမျိုးသားလွှတ်တော်တွင် ပြော ကြားသည်။

လက်ရှိတွင် တနင်္သာရီတိုင်း ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော် မရှင်၏ ခွင့်ပြုချက်ဖြင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်လျက်ရှိသော ကျွန်း ၁၂ ကျွန်းရှိသည်။

နာမည်ကြီးကျွန်းများဖြစ် သည့် သူဌေးကျွန်းနှင့် ရတနာကျွန်း မှာ ၁၉၉၂ နှင့် ၁၉၉၈ များတွင် ချုပ်ဆိုခဲ့သာ ကျွန်းများဖြစ်သည်။ ကျန်ရှိသည့် ကျွန်း ၁၀ ကျွန်းမှာ ၂၀၁၃ တွင် ချုပ်ဆိုခဲ့ပြီး ၁၀ ကျွန်း အနက် သုံးကျွန်းမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ချုပ် ဆိုခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ဝန်ကြီးဌာနက မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ယူနက်စ ကို၏ အကြံဉာဏ်ရယူပြီး ကျန် ကျွန်းစုများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ပတ်ဝန်းကျင် မထိခိုက်စေဘဲ အခြားဝန်ကြီးဌာ နများ၊ တိုင်းဒေသကြီးအစိုးရအ ဖွဲ့တို့နှင့် ပေါင်းစပ်ဆောင်ရွက်မည် ဖြစ်ကြောင်း ၀န်ကြီးကပြောသည်။

‘‘ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၀န်ကြီးဌာနကို သဘောထား တောင်းလာရင် ကျွန်းတစ်ကျွန်း လုံးကို ငှားရမ်းရင်ဖြစ်ပေါ်လာမယ့် ကောင်းကျိုး၊ ဆိုးကျိုးကိုသုံးသပ် ဖို့ အကြံပြုပါတယ်’’ဟု ၀န်ကြီးက ပြောသည်။

အစိုးရက ကျွန်းများပေါ် တွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင် ခွင့်ပြုရာ၌ လိုင်စင်ဆိုင်ရာ စည်း ကမ်းချက်များနှင့်အညီသာ ခွင့် ပြုပေးပြီး မြေနှင့်စပ်လျဉ်းသည့် ကန့်သတ်ချက်များကို ညွှန်ကြားခြင်းမရှိကြောင်း၊ လုပ်ငန်း ရှင်များက ငှားရမ်းထားသည့် မြေဧရိယာရယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မြေငှားရမ်းမှုစည်း ကမ်းချက်များနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။

‘‘ကျွန်းတွေပေါ် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ဆောင်ခြင်း ကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် ထိန်းသိမ်းစောင့် ရှောက်ဖို့ စာချုပ်တွေမှာ အတိအ လင်းဖော်ပြထားပါတယ်’’ဟု ၀န် ကြီးက ပြောသည်။


Credit To >>> 7 Day Daily

0 comments:

Post a Comment