25.11.16

မန္တလေးတွင် လုပ်ငန်းမလုပ်သော မြေယာများ ပြန်သိမ်းမည်

လယ်ယာမြေ အခြား နည်းအသုံးပြုခွင့် လျှောက်ထားရ ယူပြီး ခြောက်လအတွင်း လုပ်ငန်း လုပ်ကိုင်ခြင်းမရှိသော မြေကွက် များကို ပြန်လည်သိမ်းယူမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်း ကုန်ခါနီးတွင် စီးပွားရေးလုပ်ငန်း ရှင်များက လယ်ယာမြေများ ဝယ် ယူကာ ၂၀၁၂ လယ်ယာမြေဥပ ဒေအရ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် (လန-၃၀)လျှောက် ထားရယူခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး အတွင်း မြေဧက ၈,၀၀၀ ခန့် တွင် မြေဧက ၄,၀၀၀ ခန့်သည် မည် သည့်လုပ်ငန်းမျှ လုပ်ကိုင်ခြင်း မရှိသည်ကို စိစစ်တွေ့ရသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။
‘‘လယ်ယာမြေတခြားနည်း အသုံးပြုခွင့် လျှောက်ထားပြီး တော့ တော်တော်များများက ဘာ မှ မသုံးဘူး။ ကျွန်တော်တို့ ပြန်စိ စစ်နေပါတယ်။ ငါးလပိုင်းလဆန်းကတည်းက ကွင်းဆင်းစစ်နေတာ ဖြစ်ပါတယ်။ လုပ်ငန်းမလုပ်တဲ့ မြေတွေကို မကြာခင်မှာ တခြားနည်း အသုံးပြုခွင့်တွေ ပြန်သိမ်းမှာဖြစ် ပါတယ်’’ဟု ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။
၂၀၁၂ လယ်ယာမြေဥပဒေ အရ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လျှောက်ထားပြီး ခြောက်လအတွင်း ဥပဒေအရ သတ်မှတ်သည့် လုပ်ငန်းများ လုပ်ကိုင်ရမည်ဟု ပြဋ္ဌာန်းထား ကာ လုပ်ငန်းမလုပ်ကိုင်သည့် မြေ ယာများကို အခြားနည်းအသုံးပြု ခွင့်ပယ်ဖျက်ကာ စိုက်ပျိုးမြေ အဖြစ်သာ ပြန်လည်သတ်မှတ် မည်ဖြစ်ကြောင်း ၎င်းကပြော သည်။ အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့က အကျိုးအမြတ်ရရန် ရည်ရွယ်ကာ လယ်ယာမြေများအား ဝယ်ယူစု ဆောင်းပြီး အခြားနည်းအသုံးပြု ခွင့် လျှောက်ထားရယူကြကြောင်း မြေယာကို အဆင့်ဆင့် လက်လွှဲ ရောင်းချခြင်းများကြောင့် မြေဈေး များ မြင့်တက်နေသကဲ့သို့ စီးပွားရေးသမားများက မြေယာများ ဝယ်ယူ စုဆောင်းထား၍ တောင် သူလယ်သမားများ မြေယာပိုင် ဆိုင်မှု နည်းပါးသွားပြီး စိုက်ပျိုးရေး လုပ်ငန်းအပေါ် ထိခိုက်မှုများရှိ နေကြောင်း  တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးမင်းမင်းနီက မန္တ လေးတိုင်းဒေသကြီး လွှတ်တော် တွင် ပြောသည်။
လယ်ယာမြေအခြားနည်း အသုံးပြုလျှောက်ထားပြီး သတ် မှတ်ချက်အတိုင်း လုပ်ငန်းမလုပ် ကိုင်သူများကို ခွင့်ပြုချက် ပြန် လည် ရုပ်သိမ်းမည်ဖြစ်သကဲ့သို့ ဒဏ်ငွေ ချမှတ်အရေးယူမည်ဟု ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောသည်။
Credit To >>> 7 Day Daily


0 comments:

Post a Comment