25.11.16

အာရှဒေသရဲ့ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှုပိုင်းမှာ စင်ကာပူကထိပ်ဆုံးမှာ ရပ်တည်နေ

စီးပွားရေးလုပ်ငန်းတွေအတွက် ဒစ်ဂျစ်တယ်နည်းပညာပိုင်းကိုအသွင်ကူးပြောင်းနိုင်မှုကဏ္ဍမှာတော့ အာရှဒေသမှာ စင်ကာပူ ထိပ်ဆုံးကနေရပ်တည်နေနိုင်လျက်ရှိတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

Economist Intelligence Unit က လုပ်ဆောင်ခဲ့တဲ့စစ်တမ်းတစ်ရပ်အရတော့ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုနိုင်မှုလို့
ခေါ်နိုင်တဲ့ဒစ်ဂျစ်တယ်အသွင်းကူပြောင်းမှုပိုင်းမှာ စင်ကာပူကိုထိပ်ဆုံးကထည့်သွင်းထားခဲ့ပြီး ယင်းရဲ့ နောက်မှာတော့တောင်ကိုရီးယား၊ ဂျပန်နဲ့ဟောင်ကောင်တို့က အသီးသီးရပ်တည်နေလျက်ရှိတယ်လို့ သိရပါတယ်။

ဟောင်ကောင်ကတော့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံပိုင်းမှာ
များစွာရင်းနှီးမြှုပ်နှံထားခဲ့ပေမယ့်လည်း ယခုလိုနည်းပညာအသုံးပြုမှုပိုင်းမှာတော့ အခြားနိုင်ငံတွေထက်စာရင်များစွာနောက်ကျကျန်နေရစ်လျက်ရှိတယ်လို့လည်း ယင်းစစ်တမ်းမှာ ဆိုထားပါတယ်။

ဟောင်ကောင် ကုမ္ပဏီတွေအနေနဲ့ အခြားလုပ်ငန်းကုမ္ပဏီတွေနဲ့ပူးပေါင်းပြီးအကျိုးအမြတ်ဖြစ်ထွန်းနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းပညာဖန်တီးမှုတွေလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိတာကြောင့်လည်းယခုလို အခြားနိုင်ငံတွေရဲ့နောက်မှာ ဆက်လက်ကျန်ရစ်နေဆဲလို့လည်း သိရပါတယ်။

ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံ ထည့်ဝင်မြှုပ်နှံမှုပိုင်းကကြည့်ရင်တော့စင်ကာပူကပဲ ထိပ်ဆုံးမှာ ရှိနေပြီး ယင်းနိုင်ငံရဲ့နောက်မှာတောင်ကိုရီးယားနဲ့ ဟောင်ကောင်တို့ အသီးသီး ရပ်တည်နေပါတယ်။

ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံပိုင်းနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူရာမှာတော့သတင်းအချက်အလက်နဲ့
ဆက်သွယ်ရေးနည်းပညာကို ရယူအသုံးပြုနိုင်မှု၊ 4G အင်တာနက်ဖြန့်ကျက်နိုင်မှု နဲ့ စမတ်ဖုန်း ထိုးဖောက်ဝင်ရောက်နိုင်မှု စတာတွေကိုထည့်သွင်းတွက်ချက်ထားတာလည်း ဖြစ်ပါတယ်။




Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment