25.11.16

ရုရှားနှင့် လက်နက်အရောင်းအဝယ်မပြုလုပ်ရန် ဂျာမနီနှင့် နိုင်ငံ ၁၅ ခု ဖိအားပေး



ခရိုင်းမီးယားနှင့် ယူကရိန်းအရှေ့ပိုင်းကဲ့သို့သော ဥရောပအရှေ့ပိုင်းဒေသများတွင် ရုရှားက လက်နက်ကိုင်တပ်ဖွဲ့များကို လက်နက်အသစ်များ ထောက်ပံ့ပေးနေမှုကို ကာကွယ်ရန် လက်နက်သစ်ထိန်းချုပ်ရေးသဘောတူညီချက်ရရှိရန် ဂျာမနီနှင့်အတူ ဥရောပ ၁၅ နိုင်ငံလည်း ပါဝင်လာပြီဖြစ်ကြောင်း ဂျာမန်သတင်းစာတစ်စောင်ကဆိုသည်။ သောကြာနေ့တွင်ဖြန့်ချိသော Die Welt သတင်းစာသို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာစတိန်းမီနာက "ဥရောပလုံခြုံရေးဟာ အန္တရာယ်ကျရောက်နေပါပြီ၊ ရုရှားနဲ့ ဆက်ဆံရေးက ခက်ခဲပေမယ့်လို့ ကျွန်တော်တို့ ဆွေးနွေးဖို့အတွက် လိုအပ်နေပါပြီ" ဟုပြောဆိုသည်။

လာမည့်နှစ်အတွက် ဂျာမန်သမ္မတအဖြစ် အဆိုပြုခံထားရသော ဆိုရှယ်ဒီမိုကရက်တစ်ဦးဖြစ်သူ စတိန်မီနာက ဥရောပတွင် တင်းမာမှုများမြင့်တက်လာမှုကို ရှောင်ရှားရန် သြဂုတ်လတွင် ရုရှားနှင့် လက်နက်သစ်ရောင်းဝယ်မှုထိန်းချုပ်ရေးကို ပထမဆုံးတောင်းဆိုမည်ဖြစ်သည်။ ဥရောပတိုက်ရှိ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင်ပါဝင်သည့် နိုင်ငံ ၁၅ ခုဖြစ်သည့် ပြင်သစ်၊ အီတလီ၊ သြစတီးယား၊ ဘယ်လ်ဂျီယမ်၊ ဆွစ်ဇ်ဇာလန်၊ ချက်သမ္မတနိုင်ငံ၊ စပိန်၊ ဖင်လန်၊ နယ်သာလန်၊ နော်ဝေ၊ ရိုမေးနီးယား၊ ဆွီဒင်၊ ဆလိုဗက်ကီးယား၊ ဘူလ်ဂေးရီးယားနှင့် ပေါ်တူဂီတို့သည် ဝန်ကြီး စတိန်မီနာ၏ ဦးဆောင်မှုအောက်သို့ ဝင်ရောက်လာကြခြင်းလည်းဖြစ်သည်။ အဆိုပါ အဖွဲ့သည် သောကြာနေ့တွင် ပူးတွဲကြေညာချက်တစ်ခုထုတ်ပြန်ရန် စီစဉ်ထားပြီး ဂျာမနီနိုင်ငံက လက်ခံကျင်းပမည့် ဟမ်းဘတ်မြို့မှ OSEC ဝန်ကြီးများအဆင့်အစည်းအဝေးကို ကျင်းပနေချိန် ဒီဇင်ဘာ ၈ ရက်မှ ၉ ရက်ပြင်ပတွင်ထပ်မံတွေ့ဆုံမည်ဖြစ်သည်။



Credit To >>> Democracy Today

0 comments:

Post a Comment