25.11.16

မန္တလေးမြို့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား၂၀၀ ကျော်ဖြင့် ဆောင်ရွက်နေပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ၊ ပလာဇာနှင့် စူပါမားကတ်များတွင် လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်ကြရန် ခရိုင်ရဲတပ်ဖွဲ့မှူး ပြောကြား



မူဆယ် (၁၀၅)မိုင်တွင် တိုက်ပွဲများဖြစ်ပေါ်နေ မှု၊ ရန်ကုန်မြို့ရှိ Capital Hypermarket ပေါက်ကွဲမှုနှင့် ရခိုင်အရေးအခင်းဖြစ် ပွားနေမှုများရှိနေသည့်အတွက် မန္တလေး မြို့တွင် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော် ဖြင့် လုံခြုံရေးဆောင်ရွက်နေပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ၊ ပလာဇာ နှင့် စူပါမားကတ်များတွင် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်ရန် မှာကြား ထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးက ပြောကြားသည်။

""ရန်ကုန်၊ မူဆယ်နဲ့ ရန်ကုန်တို့ မှာ ဖြစ်ပျက်နေတဲ့အပေါ်မှာ တတိယ မြို့တော်ဖြစ်တဲ့ မန္တလေးမှာလည်း ဒီလို တွေမဖြစ်ပေါ်လာနိုင်ဘူးလို့ မပြော နိုင်ဘူး။ ဒါကြောင့် မန္တလေးမှာ အဖျက် အမှောင့်လုပ်ငန်းတွေ မဆောင်ရွက် နိုင်အောင်လို့ အင်အား ၂၀၀ ကျော် နဲ့ ဆောင်ရွက်နေတယ်။ ညပိုင်းမှာ လည်း လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ လည်း လုပ်ဆောင်နေတယ်။ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး များအနေဖြင့် မိမိတို့မြို့နယ်၊ ရပ်ကွက် နှင့် ကျေးရွာများအတွင်း ၀င်ရောက် လာသည့်

လူစိမ်းများတွေ့ရှိပါက သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့် သို့ အချိန်မီသတင်းပေးပို့ရန် လိုအပ် တယ်။ အထူးသဖြင့် ညပိုင်း ၇ နာရီ ကနေ ၁၂ နာရီအထိ တိုင်းရဲတပ်ဖွဲ့ ဦးစီးပြီးတော့ မြို့နယ်ချင်း ပေါင်းစပ် ထားတဲ့ လုံခြုံရေးအဖွဲ့နဲ့ မြို့ပေါ်မှာ လှည့်လည်ပြီး လုံခြုံရေးဆောင်ရွက် နေတယ်""ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ အနေဖြင့် ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ ၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်၍ မန္တလေးမြို့အတွင်း ည ပိုင်းအချိန် မှုခင်းကျဆင်းရေး၊ မသင်္ကာ ဖွယ်ရာဖြစ်စဉ်များနှင့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိ စေရန်အတွက် ဆောင်ရွက်လျက်ရှိ သည်။

""မန္တလေးမြို့အတွင်း မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပွားစေဖို့မြို့တွင်းကို ၀င်လာနိုင်မယ့်နေရာတွေ မှာ ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်ခိုင်းထားသလို၊ ဟိုတယ်၊ မိုတယ်၊ တည်း ခိုရိပ်သာ၊ ပလာဇာနဲ့ စူပါမားကတ် တွေက လုံခြုံရေးဝန်ထမ်းတွေကိုလည်း လုံခြုံရေးနဲ့သက်ဆိုင်တဲ့ဟာတွေကို
တွေ့ဆုံပြောကြားဖို့ စီစဉ်ထားတယ်""ဟု၎င်းင်းကဆက်လက်ပြောကြား
သည်။

မန္တလေးမြို့တွင် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိ
စေရန်အတွက် မြို့ဝင်မြို့ထွက်များ ဖြစ်သည့် ၁၆ မိုင်ဂိတ်၊ ရွှေကျင်ဂိတ်၊ ရတနာပုံတံတား၊ မြစ်ငယ်တံတား၊တံခွန်တိုင်တိုးဂိတ်စသည့် နေရာများ တွင် ပိတ်ဆို့ရှာဖွေမှုများဆောင်ရွက် နေပြီး မြို့အတွင်းတွင်လည်း မြို့နယ် အလိုက်ရှိ အရေးကြီးအဆောက်အအုံ များဖြစ်သည့် ဘူတာကြီး၊ ဈေးချို၊ ဒိုင်း မွန်းပလာဇာ၊ အိုးရှင်း၊ စူပါမားကတ် များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများနှင့် ပေါင်းစပ်၍ အဖျက်အမှောင့်လုပ်ငန်းများ
ဆောင်ရွက်နိုင် ခြင်းမရှိစေရန် လုပ်ဆောင်ထားကြောင်း သိရသည်။

Credit To >>> Democracy Today

0 comments:

Post a Comment