25.11.16

၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုင်ငံ့ကုန်သွယ်မှု ကန်ဒေါ်လာ ၁၆ ဒသမ ၄ ဘီလီယံအထိရှိလာ

အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ် နိုဝင်ဘာ ၁၈ ရက်နေ့အထိ နိုင်ငံ့ကုန်သွယ်မှုမှ ကန်ဒေါ်လာ ၁၆ ဒသမ ၄ ဘီလီယံ ၀န်းကျင်အထိ ရှိလာခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနထံကသိရပါတယ်။
လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာလလယ်ပိုင်းအထိ ပို့ကုန်ကဏ္ဍမှ ကန်ဒေါ်လာ ၇ ဒသမ ၁၅ ဘီလီယံရရှိခဲ့ပြီး သွင်း ကုန်ကဏ္ဍကုန်သွယ်မှုမှ ကန်ဒေါ်လာ ၉ ဒသမ ၂၅ ဘီလီယံအထိရရှိခဲ့ပြီးဖြစ်တယ်လို့ ၀န်ကြီးဌာနနောက်ဆုံး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပိုကုန်ကဏ္ဍတွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၁၇၁၄ သန်း၊ ရေထွက်နဲ့တိရိစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုတွေမှ ကန်ဒေါ်လာ ၃၂၂ သန်း၊ သတ္တုတွင်းထက်ပစ္စည်းတင်ပို့မှုတွေမှ ကန်ဒေါ်လာ ၆၄၈ သန်း၊ သစ် တောထွက်ပစ္စည်းင်ပို့မှုမှ ကန်ဒေါ်လာ ၁၅၃ သန်း၊ စက်မှုကုန်ချောတင်ပို့မှုတွေမှ ကန်ဒေါ်လာ ၃၁၉၀ သန်း၊ အခြားပို့ကုန်ကဏ္ဍတွေမှ ကန်ဒေါ်လာ ၁၁၂၀ သန်းအထိရရှိထားပါတယ်။

သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုတွေမှကန်ဒေါ်လာ ၃၈၉၇ သန်း၊လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းတင်သွင်းမှုတွေမှ ကန်ဒေါ်လာ ၃၀၇၀ သန်းနဲ့ လူသုံးကုန်ပစ္စည်းတင်သွင်းမှုတွေမှ ကန်ဒေါ်လာ ၂၂၈၉ သန်းအထိကုန်သွယ်နိုင်ခဲ့ပါတယ်။

ကာလတူကုန်သွယ်မှုနှိုင်းယှဉ်ချက်အရ အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ကုန်သွယ်မှုက ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကုန်သွယ်မှုထက်ကန်ဒေါ် လာ ၄၂၁ သန်းလျော့နည်းနေတာလည်းဖြစ်ပါတယ်။

Credit To >> SFJ Strategy First Journal

0 comments:

Post a Comment