23.11.16

ဗြိတိန်ရဲ့ စက်မှုလုပ်ငန်းမဟာဗျူဟာသစ်ကြောင့် စီးပွားရေးလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းဖို့ မျှော်လင့်

ဗြိတိန်ရဲ့ စက်မှုလုပ်ငန်းဆိုင်ရာမဟာဗျူဟာသစ်အရ စီးပွားရေးလုပ်ငန်းတွေ အကျိုးဖြစ်ထွန်းဖို့
မျှော်လင့်ထားတယ်လို့ ထရီဇာမေက CBI အခမ်းအနားမှာပြောကြားသွားခဲ့ပါတယ်။

“ ကျွန်မတို့ရဲ့ စက်မှုလုပ်ငန်း မဟာဗျူဟာသစ်ကြောင့် နိုင်ငံနဲ့စီးပွားရေးလုပ်ငန်းတွေအတွက် အဓိကအကျိုးဖြစ်နိုင်ဖို့မျှော်လင့်ထားပါတယ်”လို့ သူမက ဆိုပါတယ်။
ဗြိတိန်နိုင်ငံရဲ့ စက်မှုလုပ်ငန်းဆိုင်ရာ မဟာဗျူဟာသစ်အရသိပ္ပံ၊ နည်းပညာနဲ့ သုတေသနကဏ္ဍတွေမှာတော့ စတာလင်ပေါင်ဘီလီယံနဲ့ချီ တိုးချဲ့ရင်းနှီးမြှုပ်နှံသွားဖို့ရှိနေတယ်လို့
သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဗြိတိန်စက်မှုလုပ်ငန်းအဖွဲ့အစည်း CBI မှာ မိန့်ခွန်းပြောကြားရာမှာတော့ဝန်ကြီးချုပ်မေက သူမတို့အစိုးရရဲ့ ရေရှည်စီမံချက်တွေနဲ့ပတ်သက်ပြီးပြောကြားသွားခဲ့ပြီး လာမယ့် ၂၀၂၀ မတိုင်ခင် တစ်နှစ်ကို စတာလင်ပေါင် ၂ဘီလီယံ တန်ဖိုးရှိရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ်လို့ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
အလားတူ အစိုးရအနေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအခွန်အကောက်ပိုင်းနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်မှုတွေလည်း
လုပ်ဆောင်သွားဖို့ရှိနေပြီး ယင်းဟာလည်း နိုင်ငံကို သိပ္ပံပညာရှင်တွေ၊တီထွင်ဆန်းသစ်သူတွေနဲ့ နည်းပညာ
လုပ်ငန်းရှင်တွေအခြေစိုက်ရာကမ္ဘာ့နေရာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အာမခံချက်ရအောင်ရည်ရွယ်တာလို့ သိရပါတယ်။
အစိုးရရဲ့ လက်ရှိ စက်မှုလုပ်ငန်းဆိုင်ရာ မဟာဗျူဟာ ရန်ပုံငွေအသုံးချမယ့်အစီအစဉ်မှာတော့ ဦးစားပေးသတ်မှတ်ထားတဲ့
နည်းပညာလုပ်ငန်းတွေဘက်ကို ပိုမိုထောက်ပံ့အသုံးပြုပေးသွားမှာဖြစ်ပြီးတော့ ယင်းတို့ထဲမှာစက်ရုပ်နည်းပညာ၊ဇီဝနည်းပညာ၊ AI နည်းပညာ၊ဆေးဘက်ဆိုင်ရာ နည်းပညာ၊ ဂြိုဟ်တုဆက်သွယ်ရေးနဲ့အဆင့်မြင့်ကုန်ထုတ်နည်းပညာတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment