23.11.16

နေပြည်တော်ဝင်ပေါက်၊ ထွက်ပေါက်များကို လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန် ဒုသမ္မတဦးမြင့်ဆွေပြော

နေပြည်တော် ၀င်ပေါက်၊ ထွက်ပေါက်များတွင် လုံခြုံရေးအသိဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုသမ္မတဦးမြင့်ဆွေက (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၇ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ ပြုလုပ်ခဲ့သည်။
လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပရာတွင် လုံခြုံရေးသည် များစွာ အရေးကြီးသည့်အတွက် လုံခြုံရေးကို ဆက်တိုက်စစ်ဆေးရန်လိုအပ်သည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ကြောင်း သမ္မတရုံးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
 အခမ်းအနားသို့ တက် ရောက်လာကြသူများ အနေဖြင့် လည်း သက်သေခံစစ်ဆေးရေး ကတ်ပြားများကို မမေ့မလျော့ယူ ဆောင်လာကြရန် လိုအပ်ကြောင်း၊ နေပြည်တော်ဝင်ပေါက်၊ ထွက် ပေါက်များတွင်လည်း လုံခြုံရေး အသိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။
လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရန် ဆပ်ကော်မတီ(၇)ရပ် ဖွဲ့စည်းခဲ့ရာ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သ၀ဏ်လွှာပြုစုရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီတို့ဖြစ်ကြောင်း သိရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment