23.11.16

ဖားကန့်တွင် တပ်မတော်နှင့် ကေအိုင်အေ တစ်နာရီခန့် တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက် နံနက်က တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(KIA)အကြား ရင်ဆိုင်တိုက်ပွဲ တစ်နာရီခန့်ဖြစ် ပွားခဲ့ကြောင်း  သတင်းရရှိသည်။ဖားကန့်-ကာမိုင်းလမ်းပေါ် ဂေါ့လူယန်ကျေးရွာနှင့် တံတားညီ နောင်ကျေးရွာအကြား၌ နှစ်ဖက်လှုပ်ရှားတပ်များတွေ့ဆုံ၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA တပ် ရင်း (၆)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တန်ဆန်းကပြောသည်။

‘‘ရင်ဆိုင်တိုက်ပွဲပါ။ ကျွန် တော်တို့လည်း ကားလမ်းပေါ်ဖြတ် အကူး သူတို့ကလည်း လှုပ်ရှားအ သွား။ အဲဒီမှာရင်ဆိုင်တိုက်ပွဲဖြစ် တာပါ။ ထိခိုက်မှုဒဏ်ရာတော့ ရှိတော့ရှိမှာပါ။ ကျွန်တော်တို့ဆီကို သတင်းမတက်လာသေးတော့ အ တိအကျမသိရသေးဘူး။ အခြေ အနေက အခုအချိန်မှာ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီးမှ နှစ်ဖက်စလုံးနည်း နည်းခွာနေကြတယ်’’ဟု ဒုဗိုလ်မှူးကြီးတန်ဆန်းက ပြောကြား သည်။
ဖားကန့်-ကာမိုင်းလမ်းပေါ် တွင် တပ်မတော်နှင့် KIA တို့အ ကြား ထိတွေ့မှုဖြစ်စဉ်နှင့်ပတ် သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ရာ နံနက် ၉ နာရီ မိနစ် ၅၀ တွင် လမ်းလုံခြုံရေး ဆောင်ရွက်နေသော တနိုင်းတပ် နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA လက်နက်ကိုင်အဖွဲ့တို့ ထိ တွေ့မှုဖြစ်ပွားရာ နှစ်ဖက်ထိခိုက် မှုမရှိဟု ဖော်ပြပါရှိသည်။
အဆိုပါ ထိတွေ့မှုဖြစ်စဉ် ကြောင့် ခရီးသွားပြည်သူများ အန္တ ရာယ်ကင်းရှင်းစေရေး ဖားကန့်အတက်၊ အဆင်းယာဉ်များကို နန့်ယားကျေးရွာနှင့် နန့်တိန်းကျေးရွာကြားတွင် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေတ္တတားဆီးခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်၌ ထိတွေ့တိုက်ခိုက်မှု ပြီးဆုံးသွားခဲ့၍ ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်နှင့် KIA တို့ သည်ပြီးခဲ့သည့် သြဂုတ်လလယ်ကစ၍ KIO ၊ KIA ၏ လိုင်ဇာဌာနချုပ် နှင့် ၃၀ နှင့် ၃၅ ကီလိုမီတာအ ကြားတွင် တည်ရှိနေသော KIA ၏ ဂီဒွန် တပ်စခန်း တစ်ဝိုက်၌ မကြာခဏတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
 လတ်တလောတွင်လည်း KIA၊ တအာင်းလက်နက်ကိုင်အ ဖွဲ့ (TNLA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် မူဆယ်ဒေသ (၁၀၅)မိုင်ကုန်သွယ်ရေးစခန်း အပါအ၀င် အစိုးရလုံခြုံရေး တပ်စခန်းများကို နိုဝင်ဘာ ၂၀ ရက်က တိုက်ခိုက်ရာ နိုဝင်ဘာ ၂၂ ရက်အထိ ယင်းဒေသတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည် ပြည်သူ ၂,၆၀၀ ကျော် မူဆယ်မြို့တွင် ရောက်ရှိနေသည်။
တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များအ ကြား အပြန်အလှန်ထိုးစစ်ဆင်မှု များ၊ စစ်ဆင်ရေးများကို အမြန် ဆုံးရပ်ဆိုင်းမှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင် ရွက်နိုင်မည်ဟု မြစ်ကြီးနားမြို့အ ခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment