25.11.16

မုံရွာမြို့နယ် ကျောက္ကာရွာရှိရေနံချက်ဖိုများကို ဒေသန္တရ ရေနံချက် ယာယီလိုင်စင်များ ထုတ်ပေး

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နှင့်ဆယ်မိုင်ခန့် အကွာ ကျောက္ကာမြောက်ရွာရှိရေနံ ချက်ဖိုများကို လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းမှ ဒေသန္တရ ရေနံချက်လုပ် ငန်းယာယီလိုင်စင်များကို နိုဝင်ဘာ ၂၃ ရက်တွင် ရေနံချက်လုပ်ငန်းဇုန် အစည်းအဝေးခန်းမတွင် ထုတ်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနံချက်ဖိုများသည် ၁၉၉၈ ခုနှစ်နောက်ပိုင်းကတည်းက စတင်ချက် လုပ် ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးရန် ပုံ ငွေထည့်ကာ နားလည်မှုဖြင့်ချက် လုပ်နေခဲ့ကြခြင်းဖြစ်ကြောင်း လုပ် ငန်းရှင်များထံမှသိရသည်။
"အဲဒီတုန်းကတော့ ချက်ဖို့လို့ မခေါ်ဘဲ စည်ပျက်အနယ်အနှစ်သန့် စင်ဖြန့်ဖြူးရေးအသင်း ဆိုပြီး စလုပ် ခဲ့တာ၊ လိုင်စင်ကမနှစ်က ၂၀၁၅ မှ လျှောက်ခဲ့တာပါ၊ ဒီဇယ်နဲ့ဓာတ်ဆီ ထွက်ပေမယ့် ပြည်ပက သွင်းတဲ့ဆီ တွေ ကိုတော့မမီသေးပါဘူး၊ နည်း ပညာပိုင်းကို သက်ဆိုင်ရာ ကကူညီ ပေးစေချင် တယ်၊ နောက်ပြီးရေနံစိမ်း ကိုပြည်တွင်းထက်ပြည်ပက ၀ယ်ယူ လို့ရရင်ကောင်းမယ် " ဟု ရေနံချက် လုပ်ငန်း လုပ်ငန်းရှင်များ ဥက္ကဋ္ဌဦး အောင်လင်းက နိုဝင်ဘာ ၂၃ ရက် တွင်ပြောသည်။
ကျောက္ကာရေနံချက်ဖိုများ သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးတို့မှ ထန်းကိုင်း၊သရက် ပင်၊ နှောပင်၊ ဆင်မကျ ၊ဒဟက်ပင်၊ခင်အေး၊ ငါးရှန်စသော နာမည်ကျော်ရေနံမှော် တို့မှ ရေနံ စိမ်းများ အဓိကတင်သွင်း နေခြင်းဖြစ် သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (နေပြည်တော်) မှ ဒုတိယညွှန်ကြား ရေးမှူးဒေါ်နီလာဦးက " အမြဲတမ်း လိုင်စင်ရဖို့အရေးကြီးပါတယ်၊ မိရိုး ဖလာချက်လာတယ်ဆိုတာ သိတယ်၊ စနစ်တကျ ဘောင်ဝင်အောင်လုပ် ရမယ်၊ စည်းကမ်းချက်တွေကိုအကုန် ကိုက်ညီအောင်လုပ်ထားပြီး အမြဲ တမ်းလိုင်စင်ကို ဧပြီလမှစပေးမှာမို့ လိုအပ်ချက်တွေပြင် ဆင်စရာ ရှိ တာ တွေပြင်ရမယ်၊ လောင်စာစွန့် ပစ္စည်း တွေကို သဘာဝပတ်ဝန်းကျင် ဥပဒေ နဲ့အညီ ထိန်းသိမ်းလုပ် ကိုင်ကြရမယ်" ဟု ပြောကြားသည်။
ကျောက္ကာရေနံချက်ဖိုတွင် လောင်စာအဖြစ် ထင်းမီးကိုသာ အဓိကထားသုံး စွဲနေပြီး ရေနံချိုး လောင်စာတောင့်များကိုလည်း အ သုံးပြုကာ ဂက်စ်ဖြင့်ချက်သော ချက် ဖိုမှာ အနည်းငယ်သာရှိသည်။
ကျောက္ကာရေနံချက်ဖိုတွင် ချက် ဖိုလုပ်ငန်းရှင် ၁၅၂ ဦးရှိပြီး ဈေးကွက် အတွင်းသို့ ဒီဇယ်၊ ဓာတ်ဆီစသော ချက်ဆီများကို ၀ယ်လိုအားအပေါ် မူတည်၍ပို့ဆောင်နေပြီး မြန်မာနိုင်ငံ တွင် အကြီးဆုံးပုဂ္ဂလိကချက်ဖိုတစ်ခု လည်းဖြစ်ကြောင်းသိရသည်။ု



Credit To >>> Democracy Today

0 comments:

Post a Comment