28.11.16

အမေရိကန် GSP အခွန်ကင်းလွတ်ခွင့်ပြန်လည်ရရှိလာသော်လည်း အပြည့်အ၀အသုံးပြုနိုင်ဖို့ အခက်အခဲတွေရှိနေသေး

အမေရိကန်နိုင်ငံမှ GSP အခွန်ကင်းလွတ်ခွင့် ပြန်လည်ရရှိလာသော်လည်း အပြည့်အ၀အသုံးပြုနိုင်ဖို့ အခက်အခဲတွေရှိနေသေးတယ်လို့ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းကပြောဆိုပါတယ်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (Least Developed Benificary DeveliopingCountry- LDBDC) တွေကိုပေးအပ်တဲ့ GSP အကောက်ခွန်ကင်းလွတ်ခွင့်ကို အမေရိကန်နိုင်ငံက နိုဝင်ဘာ ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ပေးအပ်ခဲ့သော်လည်း ဈေးကွက်တောင်းဆိုတဲ့ ကုန်ပစ္စည်းအရည်းအသွေးထုတ်လုပ်နိုင်ဖို့ အားနည်းချက်တွေရှိနေ တာလို့ ရေထွက်ပို့ကုန်လပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဦးနှင်းဦးက “ အမေရိကန်မှမဟုတ်ပါဘူး၊ အီးယူတို့ဆိုလည်း အခွန်ကင်းလွတ်ခွင့်တွေ ပေးထားတာပဲ၊ ခက်တာက ဈေးကွက်လက်ခံနိုင်တဲ့ ကုန်စည်မျိုးဖြစ်အောင်လုပ်ဖို့က ပြည်တွင်းလုပ်ငန်းရှင်တွေ ထုတ်လုပ်နိုင်ဖို့လိုနေတာပါလို့”ပြောဆိုထားပါတယ်။

အမေရိကန်နဲ့ အီးယူးဈေးကွက်တွေကို မြန်မာပို့ကုန်တွေဈေးကွက်ထိုးဖောက်နိုင်ဖို့ အရည်အသွေးတိုးတက်လာအောင်ကြိုးစားလုပ်ဆောင်ရမှာတွေရှိပြီး အစိုးရပိုင်းရဲ့ပံ့ပိုးကူးညီမှုတွေပါ လိုအပ်နေသေးတယ်လို့လည်း လုပ်ငန်းရှင်တွေကပြောဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ GSP အစီအစဉ်အရ ဖွံ့ဖြိုးဆဲနိုင်ငံများ(BeneficiarDeveloping Countries-BDC) တွေအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ကုန်စည်လိုင်း ၃၅၀၀ ခုနဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(Least Developed Benificary Develioping Country- LDBDC) ကိုပေးအပ်တဲ့ ကုန်စည်လိုင်း ၁၅၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံအနေနဲ့ အဆိုပါကုန်စည်လိုင်း ၅၀၀၀ လုံးမှာပါဝင်တဲ့ ကုန်စည်တိုင်းအတွက်အခွန်ကင်းလွတ်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment