28.11.16

ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်ကို အငှားစနစ်ကဦးဆောင်နေပြီး မြို့တွင်း အပြင်ဘက်မြို့နယ် စိတ်ဝင်စားမှုမြင့်တက်နေဆဲ

ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်ကို အငှားစနစ်ကဦးဆောင်နေပြီး မြို့တွင်းမြိုနယ်တွေထက် အပြင်ဘက်မြို့နယ်တွေမှာ စတ်ဝင်စား မှုပိုမိုမြင့်တက်နေတယ်လို့ ပြည်တွင်းရှိအွန်လိုင်းအိမ်ခြံမြေလုပ်ငန်းတစ်ခုဖြစ်တဲ့ House.com ကထုတ်ပြန်ပါတယ်။

မြို့တွင်းအိမ်ရာတိုက်ခန်းနဲ့ကွန်ဒိုအများစုကို စီးပွားရေးလုပ်ငန်းရှင်တွေက ရုံးလုပ်ငန်းအတွက် ပိုမိုအသုံးချလာနေပြီး နေထိုင်သူအများစု က တောင်ဥက္ကလာပ၊မြောက်ဒဂုံနဲ့ စမ်းချောင်းမြို့နယ်အတွင်းက အိမ် ရာတိုက်ခန်း တွေကို ရွေးချယ်လာကတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ယင်းအိမ်ခြံမြေလုပ်ငန်းမန်နေဂျင်းဒါရိုက်တာ Mr.Nitesh Khirwal က “ လတ်တလောရှာဖွေမှုတွေရဲ့ ၃ ပုံ ၂ ပုံလောက်က တောင်ဥက္ကလာပ၊မြောက်ဒဂုံနဲ့ စမ်းချောင်းမြို့နယ်နဲ့ မြို့တွင်းအပြင်ဘက်ကမြို့နယ်တွေကအိမ်ရာတွေကို ပိုမိုရှာဖွေနေတာတွေ့နေရတယ်”လို့ဆိုပါတယ်။

နေထိုင်သူတွေအများစုက အဆိုပါမြို့နယ်တွေအပြင် တာမွေ၊မရမ်းကုန်း၊ဗဟန်း၊လှိုင်၊သင်္ဃန်းကျွန်း၊ရန်ကင်း နဲ့သန်လျင်မြို့နယ်အတွင်းက အိမ်ရာတိုက်ခန်းတွေကို ပိုမိုစိတ်ဝင်စားလာကြပြီး ဈေးနှုန်းသင့်မြတ်မှုက အဆိုပါမြို့နယ်အတွင်းနေထိုင်ဖို့ စိတ်ဝင်စားတဲ့အချက်တွေဖြစ်တယ်လို့လည်း အိမ်ခြံမြေလုပ်ငန်းတွေထံကသိရပါတယ်။

မြို့တွင်းယာဉ်ကျောကျပ်တည်းမှုတွေက မြို့တွင်းအိမ်ရာတိုက်ခန်းတွေ ကို နေထိုင်သူတွေရှောင်လာကြတဲ့အချက်တွေထမှာပါပြီး အွန်လိုင်းအိမ် ခြံမြေရှာဖွေသူတွေရဲ့ ၆၁ ရာခိုင်နှုန်းက ငှားရမ်းဖို့ရှာဖွေနေတာဖြစ်ပြီး ၀ယ်ယူဖို့ရှာဖွေနေသူကတော့ ၃၉ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ ထုတ်ပြန်ချက်နဲ့ အိမ်ခြံမြေလုပ်ငန်းတွေထံကသိရပါတယ်။


Credit To >>> SFJ Strategy First Journal



0 comments:

Post a Comment