28.11.16

ရှမ်းမြောက်တိုက်ပွဲများကို စစ်ရေးနည်းနှင့် တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့် ဖြေရှင်းနေဟု ဆို


ရှမ်းပြည်နယ်မြောက် ပိုင်းဒေသတွင် လတ်တလောဖြစ် ပွားနေသော တိုက်ပွဲများပြီးဆုံးစေ ရန် စစ်ရေးနည်းဖြင့် ဖြေရှင်းနေ သကဲ့သို့ တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့်လည်း ဖြေရှင်းနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြောသည်။
ကချင်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ (KIO/KIA) တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ကိုးကန့်လက်နက်ကိုင် အဖွဲ့ (MNDAA) တို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာ ၂၀ ရက်တွင် ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသရှိ အစိုးရလုံခြုံရေး တပ်စခန်းများကို ၀င်ရောက်တိုက်ခိုက်ရာမှ ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့၌ ကျင်းပသော ငြိမ်းချမ်းရေးဖိုရမ်တွင် ၎င်းက ယခုကဲ့သို့ ရှင်းပြခြင်း ဖြစ်သည်။

‘‘မကြာခင်ပြီးသွားပါလိမ့် မယ်။ ပြီးအောင်လည်း တစ်ဖက် က စစ်ရေးနည်းနဲ့ ဖြေရှင်းတာရှိ သလို ကျွန်တော်တို့ တွေ့ဆုံဆွေး နွေးရေးနည်းလမ်းနဲ့လည်း ကျွန် တော်တို့ တွေ့ဆုံဆွေးနွေးနေပါ တယ်။ ဘာကြောင့်ဖြစ်သလဲဆို တာ အဖြေရှာပါတယ်။ ဘယ်လို ရပ်မလဲဆိုတာ ဆက်လက်ဆောင် ရွက်နေပါတယ်။ ရလဒ်မရှိသေး တဲ့အတွက် ဘယ်လိုလုပ်နေတယ် ဆိုတာ အသေးစိတ်မပြောနိုင် သေးတာပဲ ရှိပါသေးတယ်’’ဟု ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)က ပြောသည်။

တိုက်ပွဲများရပ်ဆိုင်းပြီး နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဆိုသည်ကို အစိုးရနှင့် တပ်မတော်တို့က လက်ခံနေပြီဟု ဆိုသည်။

‘‘မကြာခင်မှာတော့ ကျွန် တော်တို့ မျှော်မှန်းတဲ့အဆင့်တစ် ခုကို ရောက်ပြီးတော့မှ တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်များ ရဲ့ ဆွေးနွေးချက်အပေါ်မှာ အစိုးရ ရော၊ တပ်မတော်ရောက လက်ခံ ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန် မာနိုင်ငံက လူတွေသိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာဆိုရင် ဖက်ဒရယ်ဆိုတဲ့ စကားက ပြော ခွင့်တောင်မရှိပါဘူး။ ပြောလို့ လည်းမရပါဘူး။ ကနေ့ ဖက်ဒရယ်ဆိုတဲ့ စကားကို အစိုးရရော၊ တပ် မတော်ရော လက်ခံထားပြီး ဖြစ် ပါတယ်။ ဒါကို ကျွန်တော်တို့ သွားနေပါတယ်’’ဟု ၎င်းက ဆိုသည်။မူဝါဒအရ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ဆက်လက်ဆောင်ရွက် နေမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေးတံခါးဖွင့်ထားကြောင်း၊ ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး မတိုင်မီ NCA မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာရေးဆက် လက်ကြိုးစားမည်ဟုလည်း ပြော ကြားသည်။

ယခင်က တပ်မတော်နှင့် အစိုးရအကြား ကွာဟမှုအနည်း ငယ်ရှိသော်လည်း လက်ရှိတွင် ညှိနှိုင်းတိုင်ပင်ဆွေးနွေးသည့် ဆွေး နွေးဘက်များ ဖြစ်နေပြီဟု ဆို သည်။

ငြိမ်းချမ်းရေးရရှိမှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်မည်ဖြစ်သလို ဖက်ဒ ရယ်ပြည်ထောင်စုတည်ဆောက် နိုင်မှသာလျှင် ပဋိပက္ခများရပ်စဲပြီး ငြိမ်းချမ်းရေးထာဝရတည်တံ့မည် ဖြစ်သည်ဟု NCA လက်မှတ်ထိုး ထားသည့် ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

‘‘လက်ရှိ အပစ်အခတ်ရပ်စဲ ရေးအဆင့်၊ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်တွေမှာ ကျွန်တော်တို့ တိုင်းရင်းသားအင်အားစုတွေဟာ ပြည့် ပြည့်၀၀ပါဝင်ပူးပေါင်းလာဖို့ လို ပါတယ်။ အဲဒီနေရာမှာ ပြည့်ပြည့် ၀၀ပူးပေါင်းဆောင်ရွက်မှုမရှိ သေးဘူး။ ကိုယ်စားပြုမှုမပြည့်ဝ ဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကိုယ် စားပြုမှု မပြည့်ဝဘူးဆိုရင် သွား နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ လုံလောက်တဲ့ သဘောထားတွေ မချနိုင်ဘဲနဲ့ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ဖို့ လုပ်ငန်း စဉ်တွေ နှောင့်နှေးသွားနိုင်ပါ တယ်’’ဟု ၎င်းက ဆိုသည်။

တပ်မတော်၊ လွှတ်တော်နှင့် အစိုးရတို့က ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးကို တ စိုက်မတ်မတ်ရှေ့တန်းတင်နေ ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှောင့်နှေးအောင်လုပ်သလို ဖြစ်သွားမည်ကို စိုးရိမ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

‘‘လက်နက်ကိုင်တိုက်ပွဲနဲ့ တော့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူး။ တွေ့ဆုံဆွေးနွေး နိုင်ငံရေးအဖြေရှာတဲ့ နည်းနဲ့ ဖက် ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်တယ်။ ဒါကြောင့် ဖက်ဒရယ် ပြည်ထောင်စုကို တကယ်စိတ် စေတနာအရ တည်ဆောက်မယ် ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကနေ တည်ဆောက်တာက အခုလမ်းပွင့်နေတယ်။ ဒါ ကြောင့် ဒီလမ်းကြောင်းထဲမှာ ပါ ၀င်တည်ဆောက်ဖို့ ကြိုးစားဖိတ် ခေါ်နေတာ ဖြစ်ပါတယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ NCA ထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ ပူးပေါင်း၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ဆောင်ရွက်နေရာအမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များကို ဒီဇင်ဘာလတွင် စတင် ကျင်းပနိုင်ဖွယ်ရှိကြောင်း သိရ သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment