28.11.16

ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေး စီမံကိန်းမူကြမ်း ၀န်ကြီးဌာနသို့ တင်ပြထားဟုဆို

မြန်မာနိုင်ငံတွင် ခရီး သွားလုပ်ငန်းဈေးကွက်မြှင့်တင်မှု လုပ်ငန်းများ စနစ်တကျဖြစ်စေ ရန် ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေး လုပ်ငန်းဆောင်ရွက် ရေးစီမံကိန်း ၂၀၁၇-၁၉ မူကြမ်း ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း သတင်းရရှိသည်။

‘‘ဘယ်စီးပွားရေးမဆို ဈေး ကွက်ဝင်ဖို့ ဈေးကွက်မြှင့်တင်ရ ပါတယ်။ ကျွန်မတို့ဆီမှာ ခရီး သွားလုပ်ငန်းအတွက် ဘတ်ဂျက် နဲ့ ဈေးကွက်မြှင့်တင်မှု စီမံကိန်းတွေနဲ့ သေချာမလုပ်ခဲ့ရသေးပါဘူး။ အားလုံးကိုယ်ထူကိုယ်ထနဲ့ ထည့် ၀င်ပြီးတော့ လုပ်နေရတာပါ။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအ ဖွဲ့ချုပ်ကနေတစ်ဆင့် ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကို စီမံကိန်းမူကြမ်းတင်ပြထားပါ တယ်’’ဟု မြန်မာနိုင်ငံခရီးသွား လုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန် က ပြောသည်။

အိမ်နီးချင်းနိုင်ငံများဖြစ် သည့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့သည် ၎င်းတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအတွက် နှစ်ပေါင်းများစွာကတည်းက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိအထိ စနစ်တကျဖြင့် ဘတ်ဂျက် သတ်မှတ်ကာ ဈေးကွက်မြှင့်တင်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

‘‘ကိုယ့်နိုင်ငံနဲ့ လိုက်လျော ညီထွေမှုရှိတဲ့ ဈေးကွက်မြှင့်တင် ရေးလုပ်ငန်းတွေ လုပ်ဖို့ သင့်တင့် တဲ့ ဈေးကွက်မြှင့်တင်ရေးဘတ် ဂျက်ဆိုတာလည်း ရှိဖို့ လိုအပ်ပါ တယ်။ နိုင်ငံတော်က ရေရှည်အ ကျိုးကို ကြည့်ပြီး ဘတ်ဂျက်ချ ပေးပြီး ဆောင်ရွက်မယ်ဆိုရင် လည်း ဒီထက်အများကြီးပိုထိ ရောက်နိုင်ပါတယ်။ အဲဒီအတွက် လည်း ၀န်ကြီးဌာနကို တင်ပြတဲ့ မူကြမ်းထဲမှာ ထည့်သွင်းထားပါ တယ်’’ဟု ဒေါ်မေမြတ်မွန်က ပြောသည်။ မြန်မာနိုင်ငံခရီးသွားလုပ် ငန်းဈေးကွက်မြှင့်တင်ရေးဘုတ် အဖွဲ့သည် လက်ရှိတွင် နိုင်ငံတ ကာခရီးသွားပြပွဲများ၌ မြန်မာခရီး စဉ်အတွက် ပြခန်းများဖွင့်လှစ် ကာ ပြသခြင်းများ၊ ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးအတွက် ကမ်ပိန်း များ ပြုလုပ်လျက်ရှိပြီး ယခုနှစ် နိုဝင်ဘာက လန်ဒန်မြို့တွင် ပြု လုပ်သည့် World Travel Mart ၌လည်း မြန်မာခရီးသွားကုမ္ပဏီ များနှင့်အတူ သွားရောက်ပြသခဲ့ ကြောင်း သိရသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment