18.11.16

ဒေါ်လာဈေး ၁,၃၀၀ကျပ် ကျော်သော်လည်း ဆေးဝါးပစ္စည်းဈေးနှုန်းများ ဈေးတက်ရန် စောင့်ကြည့်ဦးမည်ဟုဆို

အမေရိကန် တစ်ဒေါ်လာလျှင် ၁,၃၁၅ ကျပ်သို့ မြင့်တက် လာသော်လည်း ဆေးဝါးပစ္စည်း ဈေးနှုန်းများ ဈေးတက်ရန် သင့်၊ မသင့်ကို နိုဝင်ဘာလကုန်အထိ စောင့်ကြည့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


လွန်ခဲ့သည့် နှစ်လခန့် (စက် တင်ဘာ)က တစ်ဒေါ်လာလျှင် ၁,၂၈၀ ကျပ်ကျော်လာပြီးနောက် ဆေးဝါးဈေးကွက်အတွင်း ဆေး ပစ္စည်းဈေးနှုန်းများ ၅ ရာခိုင်နှုန်း အထိ မြင့်တက်သောကြောင့် ယခုအချိန်တွင် ဒေါ်လာဈေး ၁,၃၃၀ မှ ၁,၃၅၀ ကျပ်ခန့်အထိရောက်မှ သာ ဆေးဝါးပစ္စည်းဈေးတက်ရန် ပြင်ဆင်မည်ဟု ပြည်ပမှ ဆေးဝါး တင်သွင်းရောင်းချသည့် ကုမ္ပဏီ အချို့က ဆိုသည်။

‘‘ဒေါ်လာဈေး ၁,၃၀၀ ကျပ် ကျော်လာတာက အခုမှ တစ်ရက်၊နှစ်ရက်ပဲရှိသေးတယ်။ လော လောဆယ် ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေက အခြေအနေ စောင့်ကြည့်ဦးမယ်။ ထပ်တက် ရင်လည်း လူတွေ ဒုက္ခရောက် တော့မယ်။ ကုမ္ပဏီအငယ်လေး တွေကတော့ တက်ကောင်းတက် လိမ့်မယ်။ ကုမ္ပဏီကြီးတွေက ဒီ လကုန်အထိ စောင့်ကြည့်ဦးမယ်’’ ဟု ပြည်ပမှ ဆေးဝါးတင်သွင်း သည့် ကုမ္ပဏီတစ်ခု၏ ဈေးကွက် မန်နေဂျာတစ်ဦးက ပြောသည်။

အကယ်၍ ဒေါ်လာဈေး ၁,၃၃၀ ကျပ်ထက်ကျော်လွန်ပြီး ဆေးဝါးပစ္စည်း ဈေးတက်ပါက လည်း ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း အထိသာ တက်နိုင်မည်ဟု ခန့် မှန်းကြောင်း ၎င်းက ဆိုသည်။

ဆေးကုမ္ပဏီများအနေဖြင့် ပြည်ပမှ ဆေးဝါးများတင်သွင်းရာ တွင် တစ်ခေါက်လျှင် သုံးလစာ၊ လေးလစာခန့်တွက်ချက်ပြီး တင် သွင်းလေ့ရှိကြောင်း၊ ပထမဆေး ဝါးတင်သွင်းစဉ်က ဒေါ်လာဈေး အခြေအနေနှင့် နောက်ထပ်တင် သွင်းလာချိန်တွင် ဒေါ်လာဈေးနှုန်းတက်လာပါက စီးပွားရေးအကျိုး အမြတ်အတွက် ချိန်ညှိရကြောင်း ပြည်ပမှ ဆေးဝါးတင်သွင်းသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

‘‘ဒေါ်လာဈေး ၁,၂၈၀ ကျပ် နဲ့ ဆေးတစ်ခေါက်သွင်းလိုက် တယ်။ နောက်တစ်ခါ Order ထပ် တင်တော့ ဒေါ်လာဈေးက တက် နေပြီ။ တအားမဟရင်တော့ ထိန်း ရောင်းပေးတယ်။ ဈေးက အရမ်း ဟနေရင်တော့ မဖြစ်မနေ တက် ရတာပေါ့။ ဆေးကလည်း ခြောက်လ၊ တစ်နှစ် တစ်ခါတည်း လှောင် ထားလို့မရဘူး။ ဒီလိုပဲ ဈေးကွက် မှာ ချိန်ညှိပြီး လုပ်ကိုင်ရတယ်’’ဟု ၎င်းက ဆိုသည်။

မြန်မာငွေတန်ဖိုးကျခြင်း၊ အစိုးရ၏ ဘတ်ဂျက်လိုငွေပြနေ ခြင်းများသည် ဒေါ်လာဈေးတက် စေသည့်အကြောင်းရင်းတစ်ချက်အဖြစ် ရှိနေကြောင်း၊ ထို့အပြင် ဒေါ်လာဈေးကွက်တည်ငြိမ်စေ ရန် ဗဟိုဘဏ်က ထိန်းညှိလုပ် ဆောင်ပေးရန် လိုအပ်နေကြောင်း သိရသည်။

‘‘ဆေးဝါးဈေးနှုန်းတွေက လောလောဆယ် အလှုပ်မရှိသေး ဘူး။ နှစ်ကုန်ခါနီးလည်းဖြစ်နေတော့ ဒီလိုအချိန်တွေဆိုရင် အ ရောင်းလည်းပါးတယ်။ ကုမ္ပဏီတွေက ဈေးထပ်တက်ဖို့လုပ်တာ မရှိသေးဘူး’’ဟု အောင်တံခွန်ဆေးဆိုင်မှ ဒေါက်တာကျော်ဇင် လင်းက ဆိုသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment