10.11.16

အိန္ဒိယ အစိုးရက ငွေမည်းတွေနဲ့ ငွေစက္ကူတုတွေကို ထိရောက်စွာနှိမ်နင်းဖို့ စတင်လုပ်ဆောင်

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီဦးဆောင်တဲ့ အိန္ဒိယ အစိုးရအဖွဲ့ ဟာငွေမည်းတွေနဲ့ ငွေအတုတွေ လည်ပတ်နေတာကြောင့် တိုက်ဖျက်ဖို့အတွက် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လိုက်ပါပြီ။ အိန္ဒိယနိုင်ငံရဲ့ငွေကြေးတွေထဲက ရူပီး ၅၀၀တန် နဲ့ ၁၀၀၀ တန်တို့ဟာ နိုဝင်ဘာ ၉ရက်နေ့ကစပြီးအသုံးပြုလို့ရတော့မှာမဟုတ်ပါဘူး။အဆိုပါ ငွေ၅၀၀ နဲ့၁၀၀၀ တို့ကို ဖျက်သမ်းလိုက်ပါပြီ။အဲဒီအတွက် ပြည်သူတွေဟာ သူတို့ရဲ့ငွေတွေကို ဘဏ်ဒါမှမဟုတ် စာတိုက်တွေမှာ အကောင့်ဖွင့်ကာ သွားသွင်းထားဖို့ကို အစိုးရကတိုက်တွန်းထားပါတယ်။

အိန္ဒိယအစိုးရက အကောင့်တွေထဲ ငွေထည့်သွင်းဖို့ ရက် ၅၀ သတ်မှတ်ပေးထားပြီးတော့ အခုလိုလုပ်ဆောင်ခြင်းက ငွေမဲဈေးကွက်နဲ့ပြည်သူတွေကြားလည်ပတ်နေတဲ့ ငွေအတုတွေကို ထိရောက်စွာထိန်းချုပ်လိုက်နိုင်မှာဖြစ်ပါတယ်။ ရူပီး၅၀၀ တန် နဲ့ ၁၀၀၀ တန် တွေဟာအိန္ဒိယနိုင်ငံမှာအများဆုံး ငွေစက္ကူတွေဖြစ်တာကြောင့်လည်းအခုလို လုပ်လိုက်တာဖြစ်ပါတယ်။မကြာခင်မှာ အိန္ဒိယအစိုးရကငွေစက္ကူအသစ်တွေကိုပြန်ထုတ်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အခုလိုမျိုး လုပ်ဆောင်ချက်ကြောင့် နိုဝင်ဘာ ၉ ရက်နေ့နောက်ပိုင်းမှာရူပီး ၅၀၀ နဲ့ ၁၀၀၀ တန်တွေဟာအသုံးပြုလို့မရတော့မှာဖြစ်ပြီးငွေအတုတွေထုတ်လုပ်ပြီးအသုံးပြုနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေအနေနဲ့လည်း ငွေစက္ကူအတုတွေကို အသုံးပြုလို့လည်းမရ၊လဲလှယ်လို့လည်းရတော့မှာမဟုတ်ပါဘူး။

ရိုးသားစွာလုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေတွက်ကတော့ အခုလိုလုပ်ဆောင်ချက်က ဘာမှစိုးရိမ်စရာမရှိပါဘူး၊ငွေတွေကိုလည်းမကြာခင်မှာပြန်လဲလှယ်ပေးသွားမှာဖြစ်ပါတယ်။ရူပီး ၅၀၀ တန် နဲ့၂၀၀၀ တန်အသစ်တွေကိုထုတ်လုပ်ပေးသွားမယ်လို့ အစိုးရကဆိုပါတယ်။

ဒါပေမဲ့ ဘဏ်အကောင့်မရှိတဲ့နိုင်ငံခြားသားတွေနဲ့၊ နိုင်ငံခြားမှာနေထိုင်ပြီးငွေအဟောင်းတွေကိုင်ထားတဲ့ အိန္ဒိယနိုင်ငသားတွေအတွက်တော့အခက်အခဲတွေတွေ့ကြုံရနိုင်ပါတယ်။



Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment