10.11.16

သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ ရှယ်ယာဈေးနှင့် အရောင်းကျဆင်း


သီလ၀ါအထူးစီးပွားရေး ဇုန်အများပိုင်ကုမ္ပဏီ(MTSH) ၏ ရှယ်ယာဈေးနှုန်းနှင့် ရှယ်ယာအ ရောင်းအ၀ယ် ဆက်တိုက်ကျဆင်း လာကြောင်း သတင်းရရှိသည်။

MTSH ကုမ္ပဏီရှယ်ယာအ ရောင်းအ၀ယ်များ ကျဆင်းခြင်း သာမက ရန်ကုန်စတော့အိတ်ချိန်း တွင် စာရင်းဝင်အခြားကုမ္ပဏီ နှစ် ခု၏ ရှယ်ယာများလည်း အရောင်း ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့ အိတ်ချိန်းမှ သတင်းရရှိသည်။

ရှယ်ယာဈေးနှုန်းသက်သာ စွာ ၀ယ်ယူနိုင်ရန်နှင့် ဈေးကွက် ပမာဏမြင့်မားစေရန် ရည်ရွယ်၍ သီလ၀ါအထူးစီးပွားရေးအများပိုင် ကုမ္ပဏီ၏ ရှယ်ယာများကိုဆယ် ဆခွဲခြမ်းပြီး နိုဝင်ဘာ ၄ ရက်၌ ပြန်စတင်ရောင်းချခဲ့သည်။

စတင်ရောင်းချသည့်နေ့တွင် အရောင်းအ၀ယ်နှင့် ဈေးများပြန် လည်မြင့်တက်သော်လည်း ဒုတိယ မြောက်နေ့ကစတင်၍ ရှယ်ယာ ဈေးနှုန်းနှင့် အရောင်းအ၀ယ်ပါ ဆက်တိုက်ကျဆင်းလာခြင်း ဖြစ် သည်။

ထိုသို့ရောင်းချသည့်နေ့တွင် သာ ရှယ်ယာဈေးကျပ် ၅,၁၀၀ မှ ကျပ် ၅,၃၀၀ သို့ မြင့်တက်ပြီး အစုရှယ်ယာအရေအတွက် ရှစ် သောင်းကျော်အထိ အရောင်းအ ၀ယ်ရှိခဲ့သည်။

သို့သော် နိုဝင်ဘာ ၉ ရက်တွင် သီလ၀ါကုမ္ပဏီ၏ ရှယ်ယာဈေး ကျပ် ၄,၇၀၀ သို့ ကျဆင်း ပြီး အစုရှယ်ယာ အရေအတွက် တစ်သောင်းခွဲကျော် အရောင်းအ ၀ယ် ဖြစ်ခဲ့သည်။

‘‘ကုမ္ပဏီက တစ်ခုခု အ ပြောင်းအလဲလုပ်ရင်လုပ်တဲ့နေ့မှာ ရှယ်ယာအရောင်းတက်မယ်။ ရှယ်ယာဈေးတက်မယ်။ နောက်နေ့ကျရင် ပုံမှန်ပြန်ဖြစ်သွားမယ်။ ဒါကဘာ ကိုပြနေလဲဆိုတော့ ရန်ကုန် စတော့အိတ်ချိန်းကို လူတွေသိပ် စိတ်မ၀င်စားသေးဘူးဆိုတာ ပြ နေတာ’’ဟု ရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာအရောင်းအ၀ယ် လုပ်သည့် အမျိုးသမီးက ပြော ကြားသည်။

နိုဝင်ဘာ ၉ ရက်တွင် အခြား စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ ဖြစ်သည့် မြန်မာနိုင်ငံသားများ ဘဏ်၏ရှယ်ယာသည် ကျပ် ၉,၄၀၀ဖြင့် အစုရှယ်ယာ ၉၈ ခုသာအ ရောင်းအ၀ယ်ဖြစ်ပြီး FMI ကုမ္ပဏီ၏အစုရှယ်ယာ ၈၅၀ ကျော် အရောင်းအ၀ယ်ဖြစ်ခဲ့သည်။

MTSH ကုမ္ပဏီသည် ပြီးခဲ့ သည့် မေလ ၂၀ ရက်က ရန်ကုန် စတော့အိတ်ချိန်းတွင် ရှယ်ယာစ တင် ရောင်းချခဲ့ပြီး ပထမဦးဆုံးနေ့၌ ရှယ်ယာတစ်စုလျှင် ကျပ်၅၀,၀၀၀ ဈေးပေါက်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်းသည် ပြီးခဲ့သည့် မတ်လကစတင်လည်ပတ်ပြီး လက်ရှိတွင် ကုမ္ပဏီသုံးခုဖြင့်လည်ပတ်နေသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment