10.11.16

Jeff Bezos နဲ့ ထိပ်တိုက်တွေ့မယ့် သမ္မတသစ် Donald Trump

အမေရိကန်သမ္မတ အသစ်စက်စက်နဲ့ Amazon CEO ဖြစ်သူJeff Bezos တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိပါဘူး။

Donald Trump ဟာ Jeff Bezos ကို သူပိုင်တဲ့Washington Post ကိုခုတုံးလုပ်ပြီးအခွန်သက်သာအောင်လုပ်နေတယ်ဆိုပြီး ခဏခဏစွပ်စွဲဘူးပါတယ်။Amazon လုပ်ငန်းမှာလည်းမျှတစွာယှဉ်ပြိုင်မှုမရှိဘူးဆိုပြီးဆိုပါတယ်။ ‘ကျွန်တော်သမ္မတဖြစ်ရင် သူတို့တော့ပြဿနာတက်ပြီ’လို့တောင်ပြောဘူးပါတယ်။တစ်ဖက်မှာလည်း Jeff Bezos က Donald Trump ကို စိန်ခေါ်ခဲ့ပြီးတော့၊နိုင်ငံရဲ့ ဒီမိုကရေစီကိုပျက်စီးအောင်လုပ်နေတဲ့လူ လို့ပြောခဲ့ပြီးအာကာသမှာသွားနေသင့်တယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ Trump ဟာ အမေရိကန်သမ္မတဖြစ်လာတဲ့အတွက်Jeff Bezos နဲ့ သူပိုင်တဲ့ကုမ္ပဏီတွေဖြစ်တဲ့ Trump ရဲ့ သက်တမ်းတစ်လျှောက်မှာ Jeff Bezos နဲ့ ကုမ္ပဏီတွေအပေါ်မယုံသင်္ကာစောင့်ကြည့်ခံရနိုင်တဲ့ အရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အခွန်

Amazon အောက်ကပိုင်တာမဟုတ်ဘဲ Jeff Bezos ကိုယ်တိုင်ပိုင်ဆိုင်တဲ့ The Washington Post ကိုအသုံးချပြီး Amazon ဟာ အခွန်သက်သာအောင်တစ်နည်းနည်းနဲ့ပြုလုပ်နေတယ်လို့Trump က ယုံကြည်နေပါတယ်။

Amazon ကို အခွန်ကြီးကြီးမားမားရှောင်တဲ့သူတွေလို့ Trump ကပြောခဲ့ပြီးတော့ The Washington Post ရဲ့ အကျိုးအမြတ်မရှိတဲ့ လုပ်ငန်းကိုအသုံးချပြီး Amazon ကိုအခွန်လျှော့ဆောင်ရအောင်လုပ်ခဲ့တယ်လို့ပြောခဲ့ပါတယ်။Trump ဟာသူစွပ်စွဲခဲ့တာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့သက်သေပြဖို့ကြိုးစားမယ်ဆိုတာမသိရသေးပေမယ့် Amazon ကိုတင်းတင်းကြပ်ကြပ်စောင့်ကြည့်ဖို့ InternalRevenue Service ကို တော့ခိုင်းနိုင်ပါတယ်။Bezos ဟာ ဒီသတင်းဌာနကိုဘာအကျိုးအမြတ်ကြောင့်ဝယ်ခဲ့တာမဟုတ်ဘူး၊ဒီဟာကိုအသုံးချပြီး နိုင်ငံရေးလွှမ်းမိုးမှုရပြီးတော့ လူတွေကို ကျွန်တော်နဲ့တိုက်ပေးနေတာပါ လို့ Trump က ပြီးခဲ့တဲ့ မေလတုန်းက Fox သတင်းဌာနနဲ့အင်တာဗျုးမှာပြောခဲ့ပါတယ်။

၂၀၁၅ခုနှစ်တုန်းကAmazon ကုမ္ပဏီဟာဝင်ငွေခွန်အဖြစ်ဒေါ်လာ ၂၇၃ သန်းဆောင်ခဲ့ပါတယ်။ Amazon ဟာ တခြားကြီးမားတဲ့ကုမ္ပဏီကြီးတွေနဲ့ယှဉ်ရင် ၀င်ငွေအရမ်းနည်းတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ဈေးကွက်ကိုလက်ဝါးကြီးအုပ်ထားတယ်ဆိုတဲ့စွပ်စွဲချက်Trumpက Jeff Bezos ဟာantitrust law ကိုချိုးဖောက်နေတယ်လို့ပြောဘူးပါတယ်။သူဟာဈေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးတော့ ကျွန်တော်တို့ဒီဈေးကွက်ထဲဝင်လို့မရအောင်လုပ်ထားတယ်လို့ မေလတုန်းက
ပြောခဲ့ပါတယ်။ Amazon ကုမ္ပဏီက အွန်လိုင်းရောင်းဝယ်ဖောက်ကားရေးနဲ့ cloud computing ရဲ့ တော်တော်များများကိုရရှိထားတာဖြစ်ပေမယ့် ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ Antitrust lawချိုးဖောက်တယ်လို့တော့ပြောလို့မရပါဘူး။
Antitrust law ရဲ့ရည်ရွယ်ချက်ဟာ consumer တွေကိုကာကွယ်ဖို့ဖြစ်ပြီးတော့ လုပ်ငန်းရှင်တွေက ပြိုင်ဘက်တွေမရှိအောင် လက်ဝါးကြီးအုပ်ကာ ကုန်ဈေးနှုန်းတွေမြှင့်တင်တာမျိုးမလုပ်ဖို့ပြဌာန်းထားတာဖြစ်ပါတယ်။

Amazon ဟာ အဓိက ဈေးသက်သာအောင်သာပြုလုပ်ရောင်းချနေတာဖြစ်ပြီးတော့customer တွေကိုအဓိကဦးစားပေး တာဖြစ်ပါတယ်။Amazon ဟာ US retail ဈေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းနဲ့၊ e-commerce ရဲ့ ၂၀ရာခိုင်နှုန်းသာ ရရှိထားတာကြောင့် ဈေးကွက်ကိုလက်ဝါးကြီးအုပ်ထားတယ်လို့လည်ပြောလို့မရပါဘူး။ပြီးတော့ Amazon က နေ့စဉ်ဈေးလျော့နေတာဖြစ်ပြီး Amazon Web Services မှာဆိုရင်လည်း၅၂ ရာခိုင်နှုန်းအထိဈေးနှုန်းလျော့ချထားတာတွေရှိပါတယ်။

The Washington Postသတင်းစာTrump ရဲ့ အကြီးမားဆုံးမကျေနပ်ချက်က Bezos၊ The WashingtonPost ကိုပိုင်ဆိုင်ထားတာဖြစ်နိုင်ပါတယ်။ Bezos ဟာ သတင်းစာအဖွဲ့ကို လွှမ်းမိုးမှုရှိပြီးတော့ Trump သမ္မတမဖြစ်လာအောင် ရေးသားသတင်းဖြန့်တာတွေလုပ်တယ်လို့သူကထင်နေပါတယ်။

The Washington post က ရွေးကောက်ပွဲမဲဆွယ်ချိန်တစ်လျှောက်မှာTrump မကောင်းကြောင်းတွေရေးခဲ့လို့ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Jeff Bezos ဘက်မှလည်း The Washington Post ရဲ့ သတင်းရေးသားမှုထုတ်ပြန်မှုနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ရာပါဝင်ခဲ့ခြင်းမရှိဘူးလို့ဆိုပြီးတော့ Trump ကိုလည်း မီဒီယာရဲ့
စောင့်ကြည့်မှုကိုအားမပေးတဲ့အတွက် ပြန်လည်ရှုံ့ချထားပါတယ်။
Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment