15.11.16

မန္တလေးမြို့ အိမ်ခြံမြေသတ်မှတ်စံနှုန်းသစ်များ အတည်ပြုထုတ်ပြန်

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်၍ သတ်မှတ်စံနှုန်းများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ အောက်တိုဘာလ ကုန်ရက်က အတည်ပြုထုတ်ပြန်လိုက်ပြီး ယခင်စံနှုန်းများထက် ၁ဝ ရာခိုင်နှုန်းခန့် လျော့ကျကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွေးက ပြောသည်။

''တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မြေကွက်တန်ဖိုးစံနှုန်းထားတွေ တင်ပြခဲ့ရာမှာ ပြည်သူများအတွက် ထပ်မံလျှော့ချပေးပါတယ်။ အစိုးရအဖွဲ့အတည်ပြုချက်နဲ့ ထုတ်ပြန်လိုက်တဲ့မြေကွက်စံနှုန်းထားတွေက အရင်ထက် လျော့သွားပါတယ်'' ဟု ၄င်းက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများ အကူအညီ
ဖြင့် ရပ်ကွက်၊ ကျေးရွာအလိုက် မြေကွက်အခြေခံဈေးနှုန်းများ ကောက်ယူပြီး ဌာနက သုံးကြိမ်စည်းဝေးပြုလုပ်ကာ တိုင်းဒေသကြီးအစိုးရထံ တင်ပြခဲ့ကြောင်း၊ အခြေပြုပစ္စည်း များဝယ်ယူရာတွင် မိမိတို့ပိုင်ဆိုင်မှုအတွက် အခွန်ရုံးတွင်အစစ်ခံပြီး စာချုပ်စာတမ်း မှတ်ပုံတင်ပြုလုပ်ထားရန်လိုကြောင်း သိရသည်။

''ဥပဒေသတ်မှတ်ချက်အရဆိုရင် ဝင်ငွေရလမ်းမဖော်ပြနိုင်တဲ့ အခြေပစ္စည်းတွေနဲ့ ပတ်သက်လို့ ၃ဝ ရာခိုင်နှုန်းပေး ဖြစ်ပါတယ်။ ဒါပေမယ့် မြေကွက်တန်ဖိုးအလိုက် သက်သာတဲ့ ဝင်ငွေခွန်နှုန်းထားဖြစ်တဲ့ ၁၅ ရာခိုင်နှုန်းကစပြီး ၃ဝ ရာခိုင်နှုန်းပဲ အခွန်ပေး ဆောင်ရမှာပါ'' ဟု ဆက်လက်ပြောကြားခဲ့သည်။

၂ဝ၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၂၂-အရ မြေကွက်
များကဲ့သို့ အခြေခံပစ္စည်းများဝယ်ယူရာတွင် ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိပါက တန်ဖိုးတစ်ကျပ်မှ ကျပ်သိန်း ၃ဝဝ ထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ အထက် သိန်း ၁ဝဝဝ ထိ ၂ဝ ရာခိုင်နှုန်းနှင့် ၁ဝဝဝ အထက်ကို ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ယခင် ဝင်ငွေခွန်ပေးဆောင်ရ မည့်နှုန်းထားများမှာ တစ်ကျပ်မှ ကျပ်သိန်း ၁ဝဝဝ ထိ ၃ ရာခိုင်နှုန်း၊ သိန်းတစ်ထောင် အထက် ကျပ်သိန်း ၅ဝဝဝ ထိ ငါးရာခိုင်နှုန်း၊ ကျပ်သိန်း ၅ဝဝဝ အထက် ကျပ်သိန်း ၁ဝဝဝဝ ထိ ၁ဝ ရာခိုင်နှုန်း စသဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment