
လွန်ခဲ့သည့် အင်္ဂါနေ့တွင် အိန္ဒိယအစိုးရက ၅ဝဝ တန်နှင့် ၁ဝဝဝ တန် ရူပီးငွေစက္ကူများ တရားမဝင်တော့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကြေညာချက်သည် ငွေစက္ကူအတုပြုလုပ်မှုကို တိုက်ဖျက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့် ဘဏ်များသို့ သွားရောက်၍ ဖျက်သိမ်းလိုက်သည့် ငွေစက္ကူများကို အသစ်ထုတ်လုပ်သည့် ငွေစက္ကူများနှင့်လဲလှယ်ရန် အစိုးရက ညွှန်ကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဘဏ်များသည် တနင်္ဂနွေနေ့ကိုပင် ဖွင့်လှစ်၍ ငွေစက္ကူများလဲလှယ်ပေးလျက်ရှိသည်။ ငွေစက္ကူ အသစ်များလဲလှယ်ရန် လူပေါင်းများစွာက တန်းစီ စောင့်ဆိုင်းနေကြရသည်။ ယင်းကဲ့သို့ အခြေအနေများ ကြောင့် အချို့ဘဏ်များတွင် စိတ်ပျက်ဒေါသထွက်နေသူ အချို့က ပြတင်းပေါက်များရိုက်ခွဲခြင်း သို့မဟုတ် ဘဏ် ဝန်ထမ်းများနှင့် စကားများရန်ဖြစ်ခြင်းများ ဖြစ်ပွားခဲ့သည်။
နယူးဒေလီမြို့တော် ဘဏ်တစ်ခုရှေ့တွင် စောင့်ဆိုင်း နေရသည့် အမျိုးသားတစ်ဦးက အခြေအနေက စိတ်ပျက် စရာကောင်းပြီး ငွေစက္ကူလဲလှယ်ဖို့ ဘာကြောင့် တစ်နေ့လုံး စောင့်နေရသည်ကို နားမလည်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းဌာနသို့ ပြောကြားသည်။
အခွန်ရှောင်တိမ်းမှုကို တားမြစ်ရန်နှင့် ငွေစက္ကူအတု ပြုလုပ်မှုကို တိုက်ဖျက်ရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် နရိန္ဒြာမိုဒီက တနင်္ဂနွေနေ့တွင် ပြောကြားသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment