
စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မော်တော်ယာဉ်တာယာများ ထုတ်လုပ်တဲ့
အမှတ် (၂၁) အကြီးစားစက်ရုံ (သထုံ) မှာ တာယာနဲ့ ရော်ဘာပစ္စည်းများအခြေခံတဲ့ စက်မှုလုပ်ငန်းများကို စိတ်ဝင်စားတဲ့ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ ငှားရမ်း/အကျိုးတူပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ တည်ရှိတဲ့ အဆိုပါစက်ရုံအကျယ်အ၀န်းမှာ ဧကပေါင်း ၁၄၀၀ ကျော်ရှိပြီး ၁၉၈၅ ခုနှစ်မှာ
စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ စက်ရုံကနေလူစီးမော်တော်ယာဉ်တာယာများ၊ အပေါ့စားမော်တော်ယာဉ်တာယာများ၊ အကြီးစားမော်တော်ယာဉ်တာယာများ၊ လယ်ယာသုံးမော်တော်ယာဉ်တာယာများကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
စိတ်ဝင်စားတဲ့ ကုမ္ပဏီလုပ်ငန်းများအနေနဲ့ စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression Of Interest –EOI) ကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနရုံးချုပ်သို့ လျှောက်ထားရမှာ ဖြစ်ပြီး ၂၀၁၆၊ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား ပေးပို့ရမှာ ဖြစ်ပါတယ်။
ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း၊ နည်းပညာပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံခြားကုမ္ပဏီ စတဲ့အထောက်အထားများကို ထည့်သွင်းတင်ပြရမှာဖြစ်ပါတယ်။လက်ရှိအစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်းမှာစက်မှုဝန်ကြီးဌာနက အရှုံးပြနေတဲ့ နိုင်ငံပိုင်စက်ရုံ ၃ ခုကိုပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ပြီး စက်ရုံ ၁ ခုကို ရပ်ဆိုင်းခဲ့ပါတယ်။ သထုံမြို့ယ်မှာ ဆောင်ရွက်နေတဲ့ ကော်ဆက်ဆိုဒါဓာတုဗေဒစက်ရုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ပြီး မှန်စက်ရုံ ၂ရုံနဲ့ မီးခံအုတ်စက်ရုံ၁ရုံတို့ကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal
0 comments:
Post a Comment