15.11.16

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတပူတင်တို့ ပူးပေါင်းဆက်ဆံရေးအတွက် ဖုန်းဖြင့် စကားပြောဆိုခဲ့


ရုရှားသမ္မတပူတင်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အပါအ၀င် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်ရေးအတွက်လုပ်ငန်းများဆောင်ရွက်ရန် တနင်္လာနေ့ တွင် သဘောတူခဲ့ကြကြောင်း ကရင်မလင်နန်းတော်က ဆိုသည်။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးနောက် ပထမဆုံးနိုင်ငံတော်အဆင့် ဖုန်းခေါ်မှုဖြစ်ပြီး ရုရှားနှင့် အမေရိကန်နိုင်ငံကြား ဆက်ဆံရေး လမ်းကြောင်းဖောက်လုပ်ရန် နိုင်ငံတကာအကြမ်းဖက်မှုနှင့်အစွန်းရောက်မှုကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ ကရင်မလင်နန်းတော်မှ ထုတ်ပြန်သော ကြေညာချက်ထဲတွင် "နှစ်နိုင်ငံကြားဆက်ဆံရေးအတွက် ခိုင်မာသော အခြေခံကို တည်ဆောက်နိုင်ခဲ့ကြပြီး အထူးသဖြင့် စီးပွားရေး ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမှာ ဖြစ်ပါတယ်" ဟုဖော်ပြထားသည်။ သမ္မတပူတင်အနေဖြင့် ဂုဏ်ယူကြောင်း ၀မ်းမြောက်စကားပြောဆိုပေးခဲ့ပြီး ရုရှားပြည်သူများနှင့်အတူ ခိုင်မာ တောင့်တင်းသေစာ ဆက်ဆံရေးကို ဆောက်တည်နိုင်လိမ့်မည်ဟု ပြောကြားကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။
Credit To >>> Democracy Today 

0 comments:

Post a Comment