15.11.16

နိုင်ငံတကာဘဏ်လုပ်ငန်းတွေဝင်လာသော်လည်း ပြည်တွင်းဘဏ် လုပ်ငန်းမှာ ကြီးမားတဲ့ရိုက်ခတ်မှုမရှိနိုင်ပါဘူးလို့ဆို

နိုင်ငံတကာဘဏ်လုပ်ငန်းတွေ လာရောက်လုပ်ကိုင်နေသော်လည်းပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍမှာ ကြီးမားတဲ့ရိုက်ခကမှုတွေမရှိနိုင်ပါဘူးလို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်း ဗဟိုဘဏ်မှနိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာလာရောက်လုပ်ကိုင်ဖို့ ဘဏ်လုပ်ငန်းလိုင်စင်တွေ ဆက်တိုက်ထုတ်ပေးခဲ့တဲ့အပေါ် ပြည်တွင်းဘဏ်လုပ်ငန်းတာဝန်ရှိသူတွေကပြောဆိုတာဖြစ်ပါတယ်။

ဧရာဝတီဘဏ်မှ Retail Banking ဒါရိုက်တာဦးသူရမောင်က“နိုင်ငံခြားဘဏ်တွေဝင်လာတဲ့ အပေါ်ကျွန်တော်အမြင်ပြောရရင်သူတို့နဲ့ပြည်တွင်းဘဏ်တွေနဲ့က ဈေးကွက်ခြင်းမတူပါဘူး၊ သူတို့တွေအနေနဲ့ ကျွန်တော်တို့လို့ မြို့တွေတိုင်းမှာ အရင်းအနှီးကြီးကြီးနဲ့ဘဏ်ခွဲတွေလိုက်ဖွင့်ဖို့က လွယ်တာမှမဟုတ်တာ”လို့ပြောပါတယ်။

ထိုအခြေအနေမျိုးမှာ ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ရမှာဖြစ်ပြီး ဒီလိုလုပ်ကိုင်နိုင်ဖို့ကိုသာ ပြည်တွင်းဘဏ်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ပြင်ဆင်ဖို့လိုပါတယ်လို့ သူကဆက်ပြီးပြောပါတယ်။

နိုင်ငံလူဦးရေ ၅၂ သန်းမှာ ဘဏ်နဲ့ထိတွေဆက်ဆံတဲ့ လူဦးရေးက၄ ရာခိုင်နှုန်းလောက်သာရှိတာကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍမှာ ဈေးကွက်ဖွံ့ဖြိုးဖို့ အခွင့်အလမ်းတွေများစွာကျန်ရှိနေတယ် လို့လည်းဘဏ်လုပ်ငန်းတာဝန်ရှိသူတေကပြောပါတယ်။

ဗဟိုဘဏ်မှလည်း နိုင်ငံခြားဘဏ်လုပ်ငန်းတွေကို လက်လီဘဏ် လုပ်ငန်းလုပ်ကိုင်ခွင့်မပေးသေးတာကြောင့်လည်း ပြည်တွင်းပုဂ္ဂလိကဘဏ်တွေအနေနဲ့ ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ဖို့နဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ပိုမိုအဆင့် မြင့်တင်ပြီး ပြင်ဆင်ထားသင့်တယ်လို့ ဗဟိုဘဏ် တာဝန်ရှိသူကပြောဆိုပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment