30.11.16

ရွှေတိဂုံစေတီအနီးရှိ ဒဂုံစီးတီးစီမံကိန်းနေရာအတွက် ပွင့်လင်းမြင်သာ မှုမရှိဘဲ မြေအစားထိုးငှားရမ်းခဲ့ခြင်း ကို ဖျက်သိမ်းပေးရန် လွှတ်တော် တွင်ပြော မြေဧကအားလုံးပြန်လည်ရရှိပါက ပညာရေးအတွက်အကျိုးဖြစ်ထွန်း မည်ဖြစ်၍လွှတ်တော်ကကူညီပေးရန် ပညာရေးဒုဝန်ကြီးဆို


ရွှေတိဂုံ စေတီအနီးရှိ ဒဂုံစီးတီးအဆင့်မြင့် မြို့ပြအိမ် ရာစီမံကိန်းနေရာအစား ကမ္ဘာအေးဘုရားလမ်းနှင့် ကံဘဲ့လမ်း ထောင့် ရှိ အမှတ်(၆)သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ပိုင်မြေ နေရာ ကိုပွင့်လင်းမြင်သာမှုမရှိဘဲ ငှားရမ်းခဲ့ခြင်းကို ဖျက်သိမ်း၍ ဖွံ့ဖြိုး မှုအား နည်းသောနေ ရာများသို့ ရွှေ့ ပြောင်းနေရာချထားရန် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးမောင် မောင်အုန်းကပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၉ရက် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ဦး မောင်မောင် အုန်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရား လမ်းနှင့်ကံဘဲ့ လမ်းထောင့် ရှိ အမှတ် (၆)သုတေသနနှင့်တီထွင်ဆန်းသစ် မှုဦးစီးဌာနပိုင်မြေ ၃၅ ဒသမ ၃၈၅ ဧကမှ ၁၇ ဒသမ ၇၀ ဧကကိုပွင့်လင်း မြင်သာမှုမရှိ ဘဲစွန့်လွှတ်မြေအဖြစ် အချိန်တိုအတွင်းသတ်မှတ်ပြီး ရွှေ တိဂုံစေတီတော် အနီးမှ လက်လွှတ် ခဲ့ရသောဒဂုံစီးတီးအဆင့်မြင့်မြို့ပြ အိမ်ရာစီမံကိန်းနေ ရာအစား Marga Landmark Development Co.,Ltd မာဃ ကုမ္ပဏီသို့နှစ် ၅၀ စီမံကိန်းဖြင့် ငှားရမ်းခဲ့မှုအပေါ် သက်ဆိုင်ရာဝန် ကြီးဌာနက ထိုစီမံကိန်းကိုဖျက်သိမ်း ၍ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးမှုအား နည်းသော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒလနှင့်တွံတေး စသည့် နေရာများ သို့ ရွှေ့ပြောင်းကာစီမံ ကိန်းနေရာချထားပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့ပြီး ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

" အခုမြေငှားရမ်းခွင့်ရတဲ့ Marga Landmark Development Co.,Ltd က ရွှေတိဂုံစေတီတော်အနီးမှာရှိတဲ့ စစ်ရုံးမြေကို ဒဂုံစီးတီးစီမံကိန်းလုပ် ခွင့်မရဘဲလက်လွှတ်ခဲ့ရတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ အဆိုပါ ပညာရေးဝန် ကြီးဌာနလက်အောက်ရှိ သုတေသန မြေနေရာကို အတင်းအဓမ္မစွန့် လွှတ်မြေအဖြစ်စီမံကာ လွှတ်တော် ကိုအသိမပေး လုပ်ထုံးလုပ်နည်းကို ကျော် လွှား၊ ပြည်သူတွေမသိ၊ ပွင့် လင်းမြင်သာမှုမရှိဘဲ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ရဲ့အားနည်းလစ်ဟာ နေတဲ့အစိုးရလွှဲပြောင်းမှုမပြုမီ ကာ လအချိန်သုံးလ အတွင်း မှာအတင်း စီမံကာရယူခဲ့တယ် " ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်အုန်းက ပြောသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် အဆိုပါမြေနေရာကို စွန့်လွှတ်မြေ အဖြစ် ပညာရေးဝန်ကြီးဌာနမှ နိုင်ငံ တော်ကိုအပ်နှံခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် မြန်မာ့ရင်း နှီးမြှုပ်နှံမှုကော်မရှင်သို့တင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် အဆိုပါ မြေနေရာကို Marga Landmark Development Co., Ltd အား ပေးအပ်ခဲ့ကြောင်း ၎င်း ကဆိုသည်။

ယင်းသို့မေးမြန်းပြောကြားခဲ့မှု အပေါ် ပညာရေးဝန်ကြီးဌာနဒုတိယ ၀န်ကြီးဦးဝင်းမော်ထွန်းက အဆိုပါ လွှဲပြောင်းပေး ထား သည့် မြေဧက အားလုံးကိုပြန်လည်ရရှိပါက ပညာ ရေးအတွက် အကျိုးဖြစ်ထွန်းမည် ဖြစ် သဖြင့် ပြန်လည်ရရှိနိုင်ရန် လွှတ် တော်ကကူညီပေး ရန် ပြောခဲ့သည်။

ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်း က " အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် သြဂုတ် ၂၁ ရက်က ကျင်းပပြု လုပ်ခဲ့သော ဆောက် လုပ်ရေးဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော် မတီ ၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှုဦး စီးဌာနနှင့် Marga Landmark တို့ပါဝင်သည့်အစည်း အဝေးညှိနှိုင်းမှုအရ Marga Land mark Development Co., Ltd မှ လွှဲပြောင်းရယူထား သည့် မြေဧက ၁၇ ဒသမ ၇၀ အနက် ၉ ဧကအား နိုင် ငံတော် သို့ ပြန် လည်ပေးအပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း တင်ပြအပ်ပါတယ် " ဟု ပြောသည်။

၎င်းင်းကဆက်လက်ပြီး "ကျွန် တော်တို့ပညာရေးဝန်ကြီးဌာနအနေ နဲ့ကတော့ ဒီစီမံကိန်းကို ဆောင်ရွက် ဖို့ အစီအစဉ် မရှိသေးပါဘူး။ လွှဲ ပြောင်းပေး ထားတဲ့ ၁၇ ဒသမ ၇၀ ဧကအားလုံးပြန်လည်ရရှိပါက ပညာ ရေးအတွက် အကျိုးဖြစ်ထွန်း ပါကြောင်း နဲ့ရရှိနိုင်ပါရန် လွှတ်တော်ကြီး ကကူညီ စောင့်ရှောက်ပေး ပါရန် တင်ပြအပ်ပါ တယ် " ဟု ပြောသည်။

Credit To >>> Democracy Today

0 comments:

Post a Comment