21.11.16

ရုရှားနှင့် ဖိလစ်ပိုင်သမ္မတနှစ်ဦး နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ရန်ဆွေးနွေး

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖိလစ်ပိုင်သမ္မတရိုဒရီဂို ဒူတာတေးတို့သည် ပီရူးနိုင်ငံလီမာမြို့တွင် ကျင်းပသည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (အေပက်) ကို တက်ရောက်ပြီးနောက် သီးခြားတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
သမ္မတပူတင်က ဖိလစ်ပိုင်သမ္မတဒူတာတေးအား သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်ပါကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ယခင်ကထက် တိုးတက်မှုရှိစေရန် ဆက်လက်ကြိုးပမ်းသွားကြမည်ဟု ပြောကြားခဲ့ကြောင်း ရုရှားသမ္မတရုံးက သတင်းထုတ်ပြန်သည်။
သမ္မတပူတင်၏ ခေါင်းဆောင်မှုအရည်အချင်းကို သဘောကျသည့်အတွက် သမ္မတပူတင်နှင့် တွေ့ဆုံရသည်မှာ လွန်စွာဝမ်းသာပီတိဖြစ်မိပါကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဆိုသည်။
သမ္မတဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှု လုပ်ဆောင်ချက်များပေါ် အနောက်နိုင်ငံများ၏ ဝေဖန်မှုများကို လျစ်လျူရှုထားနိုင်မည်ဟု ယုံကြည်ပါကြောင်း သမ္မတပူတင်က ဆိုသည်။
သမ္မတပူတင်နှင့်သမ္မတဒူတာတေးတို့ နှစ်ဦးတွေ့ဆုံမှုသည် သမ္မတပူတင်အနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင် ရုရှားနိုင်ငံ၏ မဟာမိတ်နိုင်ငံများရှိနေသေးကြောင်းကို အမေရိကန်နိုင်ငံအား ထင်မြင်စေရန်ဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူများက ပြောသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment