18.9.14

ဗြိတိန်က အီဘိုလာကာကွယ်ဆေး လူသားဖြင့် ပထမဆုံးအကြိမ် စမ်းသပ်

ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်က အီဘိုလာရောဂါကာကွယ်ဆေးကို လူသားနဲ့ စမ်းသပ်မှု ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်စမ်းသပ်မှုဟာ အမေရိကန်ပြည်ထောင်စုမှာ လူအယောက် ၆၀ နဲ့ စမ်းသပ်မှုနဲ့ အပြိုင်ဖြစ်လာပြီး ရာနှုန်းပြည့်အောင်မြင်ရင်တော့ အခုနှစ်ကုန်မှာ အီဘိုလာကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။

Volunteer Ruth Atkins has blood taken before receiving an injection of the Ebola vaccine at the Oxford Vaccine Group Centre for Clinical Vaccinology and Tropical Medicine (CCVTM) in Oxfordအီဘိုလာရောဂါဖြစ်ပွားနေတဲ့ အနောက်အာဖရိကနိုင်ငံတွေမှာ ကူညီထောက်ပံ့မှုတွေ ပိုပေးဖို့ ဗြိတိန်နိုင်ငံက စက်တင်ဘာ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လူ ၂၄၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်တဲ့ အီဘိုလာ (ဇိုင်ရာ) မျိုးစိတ်ကို တိုက်ရိုက်ပစ်မှတ်ထားကုသဖို့ ရည်ရွယ်ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

အာဖရိကတိုက်ရဲ့ အရေးပေါ်လိုအပ်ချက်နဲ့အညီ အရေးပေါ်စမ်းသပ်မှုကို လုပ်ဆောင်ရတာဖြစ်ပြီး အောင်မြင်မယ်လို့ ယုံကြည်တယ်ကြောင်း သုတေသနအဖွဲ့ခေါင်းဆောင် ပါမောက္ခ Adrian Hill က ပြောပါတယ်။

ဗြိတိန်ဆေးကုမ္ပဏီကြီး GlaxoSmithKline နဲ့ အမေရိကန်ကျန်းမာရေးဌာန ပူးတွဲစမ်းသပ်နေတဲ့ အီဘိုလာရောဂါကာကွယ်ကုသဆေးဟာ မျောက်တွေနဲ့ စမ်းသပ်မှုကတော့ ရာနှုန်းပြည့်အောင်မြင်ခဲ့ပါတယ်။

တချိန်တည်းမှာ Glaxo Smith Kline ဆေးကုမ္ပဏီကြီးက ကာကွယ်ဆေး အရေအတွက် ၁၀၀၀၀ ကို ကြိုတင်ထုတ်လုပ်ထားမှာလည်းဖြစ်ပါတယ်။

စမ်းသပ်မှုအားလုံး အဆင်ပြေရင်တော့ အစောဆုံး လာမယ့်နိုဝင်ဘာလ ထုတ်လုပ်နိုင်မယ်လို့ WHO အဖွဲ့ကြီးက ပြောဆိုပေမယ့် သုတေသနပညာရှင်တွေကတော့ ဒီနှစ်ကုန်လောက်မှဖြစ်မယ်လို့ ဆိုပါတယ်။

DVB

0 comments:

Post a Comment