10.10.14

SSPP/SSA နှင့် တပ်မတော် တိုက်ပွဲများကြောင့် အရပ်သား (၅) ဦးသေ၊ (၃) ဦး ဒဏ်ရာရ ဒေသခံ (၂၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာဖာဆောင် ဒေသတွင် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA) နှင့် တပ်မတော်တို့ အကြား ဖြစ်ပွား ခဲ့သော တိုက်ပွဲ များကြောင့် ဒေသခံ ပြည်သူငါးဦး သေဆုံး၍ သုံးဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ (၂၀၀) ကျော်ခန့် ထွက်ပြေး တိမ်းရှောင်နေ ရကြောင်း SSPP/SSA ထံမှ သိရသည်။ ယခုလ (၂) ရက်နေ့မှ စတင်၍ တပ်မတော်နှင့် SSPP/SSA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ  လက်နက်ကြီး များဖြင့် ပစ်ခတ်မှု များကြောင့် ယခုလ (၃) ရက်နေ့ နံနက် (၈) နာရီခွဲ အချိန်ခန့်တွင် SSPP/SSA မှ အရေးပေါ် ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူခဲ့ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည် စိုးသောကြောင့် SSPP/SSA ဗဟို ညွှန်ကြားချက်ဖြင့် တပ်များ ဆုတ်ခွာခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ မြေပြင် စာရင်း ကောက်ယူ ထားတာပါ။ ဟိုဘက် ဒီဘက် ပစ်ရင်းနဲ့ သေကြတာတွေ ရှိတယ်။ တိုက်ပွဲဖြစ်ပြီ ဆိုရင် ပြည်သူတွေပဲ နစ်နာတယ်။ တချို့အိမ်တွေလည်း ပျက်စီး သွားတာတွေရှိတယ်။

                    သေဆုံးတဲ့ အထဲမှာ နမ့်ပေါင် ရွာလူကြီးတစ်ဦး ပါတယ် ဟု ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အတွင်းရေးမှူး စ၀်ခွန်ဆိုင်က The Messenger Media  သို့ ပြောသည်။ ယခုလ (၂) ရက်နေ့တွင် တပ်မတော်၏ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၂၄၇)၊ ခလရ (၂၄၈)၊ ခလရ (၂၉၄)၊ ခမရ (၅၁၆)၊ လခရ (၂၈၇)၊ ခလရ (၉)၊ ခလရ (၁၂)၊ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၂၃)၊ ခမရ (၃၂၆) စသည့် တပ်ရင်း ကိုးရင်းမှ ခန့်မှန်း အင်အား (၁၅၀၀) ခန့်နှင့် SSPP/SSA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နေရာ ငါးနေရာကို တစ်ပြိုင်တည်း  နှစ်ကြိမ် တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း SSPP/SSA  ဘက်မှ ဆိုသည်။

                 ကျွန်တော်တို့ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ သေချာလေ့လာ စာရင်း ကောက်နေတယ်။ ပြီးတော့ အချောသပ် ပြုစုပြီးတော့ (SSPP/SSA) နိုင်ငံရေး ဌာန အနေနဲ့ ရက်ပိုင်းအတွင်း ပြည်သူလူထု သိအောင် သတင်းထုတ်ပြန်ပေး သွားမှာပါ  ဟု  စ၀်ခွန်ဆိုင်က ဆက်ပြောသည်။ ယခုလ (၄) ရက် နေ့တွင် တပ်မတော်၏ ဒေသ နှစ်ခုအား ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) က ပြန်လည် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တပ်မတော်မှ စစ်ကူ မ၀င် ရောက်စေရန် တာဇောင်း တံတားအား ဖောက်ခွဲပစ်လိုက်ကြောင်း SSPP/SSA က ပြောကြား ထားခဲ့သည်။

                SSPP/SSA  က ပြန်လည် သိမ်းပိုက်ခဲ့သည့် ဒေသနှစ်ခုမှာ တပ်မတော်မှ တာဖာဆောင် ဒေသအား လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သည့်   နန်ပွတ်တပ် စခန်းနှင့် စစ်ကူ ပေးမည့် ကွန်မိုင်ညောင်ဒေသတို့ ဖြစ်ပြီး နန်ပွတ်တပ် စခန်းအား SSPP/SSA တပ် အမှတ်(၇၄)မှ   ဖျက်ဆီးပစ် ခဲ့ကြောင်း  SSPP/SSA ထံမှ သိရသည်။

Mizzima

0 comments:

Post a Comment