13.10.14

အိန္ဒိယအရှေ့ခြမ်းသို့ ဟုဒ်ဟုဒ် ဆိုင်ကလုန်းဝင်ရောက်ပြီး ခြောက်ဦး သေဆုံး


အိန္ဒိယနိုင်ငံ အရှေ့ပိုင်းကမ်းရိုးတန်းဒေသတွင် အောက်တိုဘာ ၁၂ ရက်က ဆိုင်ကလုန်းမုန် တိုင်း ဟုဒ်ဟုဒ် တိုက်ခတ်နေမှုကြောင့် လူခြောက်ဦး သဆုံးသွားပြီဖြစ်ကာ လူပေါင်း ၃၀၀,၀၀၀ ကျော်ကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးထားရသည်ဟု အာဏာပိုင်များ က ပြောကြားခဲ့သည်။

ဆိုင်ကလုန်း ဟုဒ်ဟုဒ် သည် အလွန်ပြင်းထန်သည့် မုန်တိုင်း အမျိုးအစားဖြစ်သည် ဟု အိန္ဒိယ သိပ္မံနှင့် နည်းပညာဝန်ကြီး
ဂျီတန်ဒရာဆင်း က ပြောကြားလိုက်ပြီး ပျက်ဆီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

မုန်တိုင်းကြောင့် လေတိုက်နှုန်းသည် တစ်နာရီလျင် ၁၂၇ မိုင် (၂၀၅ ကီလိုမီတာ) အထိ ရှိနေပြီး ဆက်လက်၍  တစ်နာရီလျင် ၁၅၅ မိုင်ထိ
မြင့်တက်ခဲ့ ကြောင်း သိရသည်။

မုန်တိုင်းကြောင့် ဗစ်စာခါပတ်နမ် မြို့ အနီးတွင် မြေပြိုမှုများလည်း ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းကြောင့် ဒီရေ အမြင့်ပေ မြင့်တက်နေပြီး ၂ မီတာ ( ၇ ပေ) အမြင့် အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

လေတိုက်မှုကြောင့် သစ်ပင်များအမြစ်မှ ကျွတ်ထွက် လဲကျနေပြီး အန်ဒရာ ပရာဒက်ရှ် နှင့် အိုရီဆာ ပြည်နယ်များတွင် ဓါတ်အားလိုင်းများလည်း
ပြတ်တောက်နေခဲ့သည်။ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်တွင် မုန်တိုင်းကြောင့် လူနှစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းများက ဖော်ပြထားသည်။

ဆက်လက်၍ မုန်တိုင်းကြောင့် နိုင်ငံရှိ အနိမ့်ပိုင်းဒေသများတွင် နှစ်မီတာအမြင့်အထိ ရေလွှမ်းမိုးနိုင်မည်ကို စိုးရိမ်နေရပြီး အဆိုပါ ပြည်နယ်နှစ်ခု တွင် ကယ်ဆယ်ရေးစခန်းများကိုလည်း ဖွင့်လှစ်ထားကာ သဘာဝဘေးအန္တာရာယ် ကယ်ဆယ်ရေး အဖွဲ့များကိုလည်း စေလွှတ်ထားခဲ့သည်။

ယခုမုန်တိုင်းကြောင့် လာမည့် နာရီ ခြောက်နာရီကာလအတွင်း စိုးရိမ်စရာအခြေအနေတွင် ရှိနေသည်ဟု အာဏာပိုင်များက ပြောကြားသည်။
ဆိုင်ကလုန်းမုန်တိုင်း ဟုဒ်ဟုဒ် ကြောင့် အိန္ဒိယနိုင်ငံ၏ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ရှိ ခရိုင်ဒေသ လေးခုမှ အနည်းဆုံး လူပေါင်း ၁၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးထားပြီး ၎င်းတို့ကို စာသင်ကျောင်းများ နှင့် အခြား ခိုင်ခန့်စိတ်ချရသည့် အဆောက်အအုံများသို့ ပို့ဆောင်ပေးထားသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့ပြင် မုန်တိုင်းတိုက်ခတ်ရာ ဧရိယာ အနီးအနားရှိ အိုဒီရှာ ပြည်နယ် မှ အခြား လူပေါင်း ၁၀၀,၀၀၀ ခန့်ကိုလည်း ထိုကဲ့သို့ ရွှေ့ပြောင်းပေးထား ရ သည်ဟု အိန္ဒိယအဆင့်မြင့် အရာရှိများက ပြောသည်။

လက်ရှိအချိန်တွင် အိန္ဒိယစစ်တပ်ကလည်း ယင်း၏တပ်ဖွဲ့ဝင်များကို မုန်တိုင်းဒဏ်ခံရသည့် ဒေသများကို ကူညီနိုင်ရန်အသင့် စီစဉ်ထားသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ဆက်လက်၍ အိန္ဒိယ၀န်ကြီးချုပ် မိုဒီကလည်း မုန်တိုင်းတိုက်ခတ်ပြီးချိန်နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အစိုးရက စီစဉ် ဆောင်ရွက်ရန် ညွှန်ကြားထားသည်။

Ref:AFP

0 comments:

Post a Comment