25.3.16

ချီလီနီအားကိုက်ခဲ့သည့် ပြစ်ဒဏ်က လွတ်လာသည့်ဆွာရက်ဇ် ဥရုဂွေးနှင့်အတူ ပါဝင်လာမည်


ဘရာဇီးမြေတွင် ကျင်းပခဲ့သည့် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချီလီနီအား ကိုက်ခဲ့ခြင်းကြောင့် နိုင်ငံတကာ ပွဲစဉ်ကိုးပွဲ၊ ဘောလုံးနှင့် ဆက်စပ်သည့် ဆောင်ရွက် မှုများတွင် လေးလကြာအထိ ပြစ်ဒဏ်ကျခံခဲ့ရသည့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် ပြစ်ဒဏ်က လွတ်လာခဲ့ပြီဖြစ်သောကြောင့် ဥရုဂွေးအသင်းနှင့်အတူ ပြန်လည် ပါဝင်လာတော့မည်ဖြစ်သည်။


ဆွာရက်ဇ်သည် နိုင်ငံအသင်းအတွက် ကိုလံဘီယာအသင်းနှင့် ကစားခဲ့သည့် ၂ဝ၁၄ ကမ္ဘာ့ဖလားပွဲစဉ် အပါအဝင် ရက်ပေါင်း ၆၄ဝ ကြာ ပွဲထွက်မကစားနိုင်ခဲ့ သည့်အပြင် ၂ဝ၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲတစ်ခုလုံးနှင့် ၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲလေးပွဲတွင်လည်း ဥရုဂွေးအသင်းတွင် မပါဝင်နိုင်ခဲ့ပေ။ သို့ရာတွင် ချစ်ကြည်ရေးခြေစမ်းပွဲစဉ်များတွင်မူ ပါဝင်ကစားခွင့်ပြုထားသည်။

ချီလီနီအား ကိုက်ခဲ့ခြင်းကြောင့် လေးလကြာဘောလုံးကစားခွင့်ပိတ်ပင်ခံရ ခြင်းမှ လွတ်မြောက်လာခဲ့ချိန်တွင် ဘာစီလိုနာအသင်းနှင့် လာလီဂါ၊ ချန်ပီယံလိဂ်နှင့် စပိန်ကိုပါဒယ်ရေးဖလား စသည်ဖြင့် တစ်နှစ်တည်းဖလားသုံးလုံး ရယူပေးနိုင်ခဲ့သည့် ဆွာရက်ဇ်က ၄င်း၏ ကစားဟန်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့ သည်။ လက်ရှိတွင် ဘာစီလိုနာအသင်းအတွက် ၄၇ ပွဲတွင် ၄၆ ဂိုးသွင်းယူပေးထားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment