12.6.15

မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေသည့် မဲခေါင်ဒေသအတွင်း အထူးစီးပွားရေးဇုန်အသစ်များ ဖော်ထုတ်မည့်အစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများမှ အတည်ပြု

 ရန်ကုန်၊ ဇွန် ၁၁- မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နေသည့် မဲခေါင်ဒေ သအတွင်း အထူးစီးပွားရေး ဇုန်အသစ်များ ဖော်ထုတ်မည့် အစီအစဉ်ကို အဖွဲ့ဝင်နိုင်ငံများမှ အတည် ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေး ဘဏ်(ADB) ၏ ထုတ်ပြန် ချက်အရ သိရသည်။


မဲခေါင်ဒေသခွဲတွင် မဲခေါင်မြစ် ဝှမ်းနှင့်ဆက်စပ်လျက်ရှိသော နိုင်ငံ ခြောက် နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက် နမ်နိုင်ငံတို့မှ ဝန်ကြီးများအ ပြင် အဆင့်မြင့်အရာရှိများ၊ တက် ရောက်သည့် ယူနန်ပြည်နယ်၊ တရုတ် နိုင်ငံစီးပွားရေးဝန်ကြီးဌာနနှင့် အေဒီဘီတို့ ပူးပေါင်းကျင်းပသည့် (၇)ကြိမ် မြောက် GMS စီးပွားရေးစင်္ကြံများ ဖိုရမ်တွင် သဘောတူညီခဲ့ခြင်းဖြစ် ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဒေသတွင်းစီးပွားရေးစင်္ကြံများ ဖော်ထုတ်မှု၊ နိုင်ငံဖြတ်ကျော်ကူးသန်းသွား လာကုန်သွယ်ခြင်းကို လွယ်ကူစေ မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်းပါဝင်ရေးမြှင့်တင်မှုတို့ ကို ပိုမိုရရှိဖြစ်ပေါ်မည့်နည်းလမ်းလုပ် ငန်းများကို (၇)ကြိမ်မြောက် GMS စီးပွားရေးစင်္ကြ့များဖိုရမ်သို့ တက် ရောက်နေသည့် မဟာမဲခေါင်ဒေသခွဲ (GMS) နိုင်ငံမှ ဝန်ကြီး များနှင့်အဆင့် မြင့်အရာရှိများက ဇွန် ၁၁ရက်က သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ADB ဒုတိယဥက္ကဋ္ဌ စတီဗင် ဂရော့ဖ်က'' GMS ခေါင်းဆောင်တွေ အနေနဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် စီးပွားရေးစင်္ကြံတစ်လျှောက်မှာရှိတဲ့ ကုန်သွယ်မှု၊ ခရီးသွား၊ စက်မှုလက်မှု ဖွံ့ဖြိုးမှုနဲ့အခြားစီးပွားရေးလုပ်ငန်း ဆောင်တာတွေ ကို မြှင့်တင်ဖို့လေး လေးနက်နက် သဘောတူညီခဲ့ကြပါ တယ်'' ဟု ဆိုသည်။

ယင်းဖိုရမ်၏ ပူးတွဲထုတ်ပြန်ချက်တွင် GMS နိုင်ငံဝန်ကြီး များနှင့်အ ဆင့် မြင့်အရာရှိများက ကုန်စည်နှင့်လူ များ နိုင်ငံဖြတ်ကျော်သွားလာပို့ဆောင် မှုတိုးပွားစေရေး နိုင်ငံဖြတ်ကျော် ကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှု လွယ်ကူစေရေး လုပ်ငန်းအစီအစဉ်တစ်ခုကို အကောင်အထည်ဖော် ရန် နှင့် ဒေသတွင်းမြို့ပြ ဧရိယာများအ ကောင်အထည်ဖော်ရာတွင် ပူးပေါင်း ဆောင်ရွက်သည့်နည်းလမ်းဖြင့် အ ကောင်အထည်ဖော်ရန် တိုက်တွန်းထား ပြီး စားသုံးသူဈေးကွက်မျှဝေခြင်းဖြင့် နိုင်ငံဖြတ်ကျော် အီလက်ထရွန်နစ် စီးပွားရေးစနစ် ဖွံ့ဖြိုးစေမည့် GMS နိုင် ငံဖြတ်ကျော် အီလက်ထရွန်နစ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမူဘောင် တစ်ခုကိုလည်း အတည်ပြုခဲ့သည်။

''အခုဖိုရမ်ရဲ့ ဆွေးနွေးသဘော တူညီချက်တွေအရ ဆောင်ရွက်မယ့် လုပ်ငန်းတွေနဲ့ အီလက်ထရောနစ် စီးပွားရေးစနစ်ကို အထောက်အကူ ပြုမယ့် အထူးစီးပွားရေးဇုန်သစ်တွေ ဖော်ထုတ်ဖို့ရာအနေနဲ့ GMS နိုင်ငံ တစ်နိုင် ငံချင်းမှာရှိတဲ့ စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းတွေအပေါ်ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိ လာမှာဖြစ်ပါတယ်''ဟု စတီဗင်ဂရော့ဖ်က ဆိုသည်။

‪Credit to>>>Democracytoday‬

0 comments:

Post a Comment