12.6.15

ကိုးကန့်တပ်ရဲ့ အပစ်ရပ်ကြေညာမှုကို လေ့လာနေဆဲလို့ အစိုးရပြော

ye_htut
 ကိုးကန့်တပ် MNDAA ရဲ့ တဖက်သတ် အပစ်ရပ် ကြေညာ ချက်ကို လေ့လာ နေဆဲ ဖြစ်ပြီး မြေပြင် မှာ ကိုးကန့် တပ် အနေနဲ့ လက်တွေ့ ဘယ်လို ဆောင်ရွက် သလဲ ဆိုတာ ကို စောင့် ကြည့် သွား မှာ ဖြစ်တယ် ဆိုပြီး မြန်မာ အစိုးရ က တုန့်ပြန် လိုက် ပါတယ်။


မြန်မာ နိုင်ငံ ရဲ့ အချုပ်အခြာ အာဏာ ကို ထိပါး လာတာ မှန် သမျှ ကို တပ်မတော် အနေ နဲ့ စစ်ရေး အရ အရေး ယူ သွား မှာ ဖြစ်တယ် လို့လည်း သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ကိုးကန့် ဒေသ စစ်ပွဲ တွေ ကို ဦးဖုန်ကြားရှင် ရဲ့ MNDAA တပ် ဘက်က စတင် လာခဲ့တာ ဖြစ်တယ် လို့လည်း ဦးရဲထွဋ် က ဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး အတွက် တရုတ် အစိုးရ ရဲ့ ပြင်းပြ တဲ့ တောင်းဆိုမှု ဟာလည်း အပစ်ရပ် ပေးခြင်းရဲ့ အကြောင်းခံ တစ်ခု ဖြစ်တယ် ဆိုပြီး MNDAA ပြောထား ပါတယ်။

မြန်မာ အစိုးရ နဲ့ တရုတ် အစိုး ရကြားမှာ ရော ကိုးကန့် စစ်ပွဲ နဲ့ ပတ်သက်ပြီး ဆွေးနွေး တာ မျိုး၊ တရုတ် အစိုးရ က တောင်းဆို တာမျိုး ရှိလား ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ ဦးရဲထွဋ် က အသေးစိတ် အချက်အလက် တွေ ကို ထုတ်ဖော် ဖို့ ငြင်းဆို လိုက်ပြီး တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး ဟာ ၂ နိုင်လုံးရဲ့ အကျိုးစီးပွား ဖြစ်တယ် ဆိုတဲ့ အချက် အပေါ် မှာ ၂ ဘက် စလုံးက သဘောတူ ထားတယ် လို့ တော့ ပြောပါတယ်။
Credit to>>> BBC

0 comments:

Post a Comment