1.6.15

၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်သားကိုယ်စားလှယ်များအပါအဝင် အစိုးရကိုယ်စားလှယ်များ၊ ပါတီအပေါ်သက်ဝင်ယုံကြည်သည့် ဒေသခံဝန်ထမ်းများ ၁၀၀ ကျော် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သဖြင့် ယခင်ကိုယ်စားလှယ်အချို့ကို အနားပေးရန်စီစဉ်နေဟု ဗဟိုကော်မတီဝင်အချို့ပြော

 ရန်ကုန်၊ မေ ၃၁-၂၀၁၅ရွေးကောက် ပွဲတွင် တပ်မတော်သားကိုယ်စားလှယ် များ အပါအဝင် အစိုးရကိုယ်စားလှယ် များ၊ ပါတီအပေါ်သက်ဝင်ယုံကြည် သည့် ဒေသခံဝန်ထမ်းများ ၁၀ဝကျော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် ယခင် ကိုယ်စားလှယ်အချို့ ကိုအနားပေးရန် စီစဉ်နေကြောင်း အ ဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင်များ ထံမှ သိရသည်။


နေပြည်တော်တွင် မေ ၂၉ ရက်မှ ၃၁ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ ပါတီ၏ ဗဟိုညီ လာခံအစည်းအဝေး နောက်ဆုံးနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ယင်းတို့၏ ပါတီကိုယ် စားလှယ်များကို ခေါ်ယူပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် လူစားထိုးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်း တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

''ဒီနေ့ အစ်ကိုတို့ကိုယ်စားလှယ် တွေကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကခေါ်ယူတွေ့ဆုံတယ်။ ၂၀၁၀ အနိုင် ရတဲ့ ကိုယ်စားလှယ်တွေကို အနား ပေးမယ်။ ဗိုလ်ချုပ်ကြီးတွေ၊ တပ်မ တော်သားကိုယ်စားလှယ်တွေဝင်ပြိုင် မယ်။ မင်းတို့ပါတီကနေ မနုတ်ထွက် နဲ့။ ပါတီအောင်နိုင်ရေးကို ဆက်လက် ဆောင်ရွက်ပေးပါလို့ပြောတယ်'' ဟု ယင်းက ဆက်လက်ပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက် ပြီး ပါတီဝင်ဗဟိုကော်မတီဝင်အတွင်း ရေးမှူး ဦးသိန်းဆွေကိုတွေ့ဆုံမေးမြန်း ရာ ၎င်းက ''ဒီလိုပြောသွားတာတွေ ကို လက်မခံဘူး၊ တပ်မတော်သား ကိုယ်စားလှယ်တွေ၊ အစိုးရအရာရှိတွေ ဝင်ပြိုင် မယ်ဆိုတာဟုတ်တယ်။အောင် နိုင်မယ့်သူတွေကို နိုင်မယ့်နေရာမှာပဲ ထည့်သွားမယ်လို့ပြောတယ်''ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဦးတင့်ဇော်က ''လက်ရှိ ကိုယ်စား လှယ်လောင်းတွေနဲ့ပတ်သက်လို့ စိစစ်နေတာပေါ့။ သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်က ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ပါတီ CEC က စိစစ်နေတာပေါ့။ စိစစ်ပြီးရင် ဗဟို ကို တင်မှာပေါ့။ နယ်မြေအလိုက် အရင်ကပြိုင်ပြီး အနိုင်ရခဲ့တဲ့ကိုယ် စားလှယ်တွေ၊ အစိုးရအဖွဲ့ထဲရောက် နေတဲ့သူတွေ သူတို့ပြန်ပြိုင်မယ့်ဆန္ဒ ရှိရင်တော့ ပါနိုင်တယ်။ ဒေသအ လိုက်ရှိနေတဲ့ တပ်မတော်သားတွေ လဲပါလာနိုင်တယ်။ ပါတီကိုသက်ဝင် ယုံကြည်တဲ့ လူပုဂ္ဂိုလ်တွေ၊ ဝန်ထမ်း တွေလဲ ပါနိုင်တာပေါ့။ လွှတ်တော် ကိုယ်စားလှယ်အဟောင်းမို့လို့ နား မှာလဲမရှိဘူး။ ကျွန်တော်တို့ကပိုတောင် အနားမယူစေချင်ဘူး။ သူတို့က ၅ နှစ်လုပ်ထားလို့ ပြည်သူနဲ့ ထိတွေ့ ပြီးသား၊ လူထုနဲ့ ထိတွေ့မှုရှိပြီးသားပဲ။ လာမယ့်ရွေးကောက်ပွဲမှာ ကျွန် တော်တို့ကနိုင်ချင်တဲ့အတွက် အဓိကကတော့ ဒေသအကျိုးကို သယ်ပိုး နိုင်မယ့်သူ၊ ပြည်ခိုင်ဖြိုးပါတီကိုကိုယ် စားပြုပြီး ဝင်ပြိုင်ရင်နိုင်မယ့်သူ အား လုံးကို ကျွန်တော်တို့ကလိုချင်တယ်။ ကိုယ်စားလှယ်ဟောင်းနဲ့ နိုင်မယ်ဆိုရင်လဲ ကိုယ်စားလှယ်ဟောင်းနဲ့ ပြိုင်မယ်။ တပ်မတော်သားတွေလဲပါ မယ်။ အခု လွှတ်တော်ကိုယ်စားလှယ် တွေလဲပါမယ်''ဟု ပြောသည်။
Credit to>>>Yangon Media Group

0 comments:

Post a Comment