4.6.15

မြန်မာနိုင်ငံသည် တိုင်းတစ်ပါး၏ ဖိအားပေးမှုကို လက်ခံသည့် ကြောက်ရွံ့သောနိုင်ငံမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ပြော

ရန်ကုန်၊ တရုတ်-မြန်မာနယ်စပ်တွင် တ ရုတ်နိုင်ငံမှ စစ်ရေးလေ့ကျင့်မှုများ ပြု လုပ်နေခြင်းနှင့်ပတ်သက်ပြီး ဖိအားပေး သည်ဟု မမြင်ကြောင်း မြန်မာနိုင်ငံအ နေဖြင့် သူများနိုင်ငံ၏ ဖိအားပေးမှုကို လက်ခံသည့်နိုင်ငံ၊ ကြောက်ရွံ့သည့် နိုင်ငံမဟုတ်ဟု သမ္မတ၏ပြောရေးဆိုခွင့် ရှိသူက ပြောသည်။


''ဒီလိုလုပ်ခြင်းဟာ ကျွန်တော်တို့ ကို ဖိအားပေးတယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန် မာနိုင်ငံဟာ ဘယ်သောအခါမှ သူများ နိုင်ငံရဲ့ဖိအားပေးမှုကို လက်ခံတဲ့နိုင်ငံ၊ ကြောက်ရွံ့တဲ့နိုင်ငံ မဟုတ်ဘူးဆိုတာ တရုတ်နိုင်ငံကလဲ သိထားပြီးသားဖြစ် ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးဦးရဲ ထွဋ်က ဆိုသည်။

အဆိုပါစကားရပ်ကို ပြောကြား ရခြင်းမှာ နိုင်ငံတကာမီဒီယာများနှင့် ပြည်တွင်းမီဒီယာများတွင် တရုတ်နိုင်ငံ က မိမိတို့နိုင်ငံအား ဖိအားပေးသည်ဆို သည့်သဘောမျိုး ရေးသားထားခြင်းကို တွေ့ရှိသောကြောင့် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟု ပြည်ထောင် စုဝန်ကြီးဦးရဲထွဋ်က ဇွန်၃ရက်တွင် ရန် ကုန်တိုင်းမ်ဂျာနယ်၏ ဆက်သွယ်မေး မြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါစကားရပ်အား ဇွန် ၂ ရက်က RFA နှင့်ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်တို့၏ အင်တာဗျူးကဏ္ဍတွင် အချက်ငါးချက်ကို ထောက်ပြပြောဆိုခဲ့ ရာမှ နံပါတ်ငါးအချက်၌ အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အကြား တရုတ်နိုင်ငံ ဘက်ခြမ်းတွင် တရုတ်တပ်မတော်မှ မြေ ပြင်၊ ဝေဟင် စစ်ရေးလေ့ကျင့်မှုများ ပြု လုပ်သွားမည်ဟု ကြေညာထားသည်။

ယင်းစစ်ရေးလေ့ကျင့်မှုနှင့် ပတ် သက်၍ မြန်မာနိုင်ငံသို့ သတင်းပေးအ ကြောင်းကြားထားသည်ဟု တရုတ်ကာ ကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁ရက်တွင် ကြေညာထားသည်။
ထိုထုတ်ပြန်ချက်တွင် ဇွန်၂ရက် မှစတင်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု ၌ တရုတ်တပ်မတော်၏ စစ်လက်နက် များ လက်တွေ့အသုံးချ ပစ်ခတ်လေ့ ကျင့်မှု ပါဝင်မည်ဖြစ်ပြီး စစ်ရေးလေ့ ကျင့်မှုတွင် တပ်ဖွဲ့ဝင် အရေအတွက် မည်မျှပါဝင်မည်ဆိုသော အချက်နှင့် စစ်ရေးလေ့ကျင့်မှု ကြာမြင့်မည့်ကာလ တို့ကို ဖော်ပြထားခြင်းမရှိဘဲ လေ့ကျင့် မှုနောက်ဆုံးပြုလုပ်မည့်ရက်နှင့် ပတ် သက်ပြီး နောက်မှကြေညာမည်ဟု ဖော် ပြထားသည်။
Credit to>>>Yangon Media Group

0 comments:

Post a Comment