16.6.15

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရန် တိုင်းလွှတ်တော်အတည်ပြု

 ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့ သစ်စီမံကိန်းအမြန်အကောင်အ ထည်ဖော်ရေးအဆိုကို ဇွန်လ ၁၅ ရက်တွင် ကျင်းပသော ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲရာ ထောက်ခံမဲ များသည့်အတွက် အတည်ပြုလိုက်ကြောင်း သတင်း ရရှိသည်။


ဇွန်လ ၁၅ ရက်တွင် ကျင်းပ သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ဆန္ဒ မဲလက်မှတ်အသုံးပြုပြီး လျှို့ဝှက် မဲခွဲဆုံးဖြတ်ရာ ကိုယ်စားလှယ် ၁၁၄ ဦးတွင် စီမံကိန်းဆက် လက်အကောင်အထည်ဖော်ရန် ထောက်ခံမဲ ၁၀၀၊ ကန့်ကွက်မဲ ၁၀ မဲ၊ ပယ်မဲ လေးမဲဖြင့် အဆိုကို အတည်ပြုလိုက်ခြင်းဖြစ်သည်။

‘‘လှိုင်မြစ်တစ်ဖက်ကမ်းမှာ ရှိတဲ့ မြေဧက သုံးသောင်းကျော် မှာ မြို့သစ်စီမံကိန်းလုပ်မယ်ဆို တဲ့အတွက် ဒေသခံတွေ အနေနဲ့ ၀မ်းသာမှုတွေဖြစ်ရပါတယ်။ အခု ဒီကိစ္စကို ဆိုင်းငံ့ထားရာက ပြန်ပြီးစတင်ဖို့ အဆိုတင်သွင်းတာဖြစ်ပါ တယ်။ ဒေသခံတွေအနေနဲ့လည်း ဒါကို အမြန်ဆုံးပြန်ဆောင်ရွက်ဖို့ ဆန္ဒထုတ်ဖော်မှုတွေလည်း ရှိပါတယ်’’ ဟု ဦးမြင့်လွင်က ပြော ကြားသည်။

အဆိုပါစီမံကိန်းသည် ပွင့် လင်းမြင်သာမှုမရှိကြောင်း ကန့် ကွက်မှုများရှိခဲ့သည့်အတွက် ရပ် ဆိုင်းထားခြင်းဖြစ်ပြီး လက်ရှိ ကျင်းပနေဆဲဖြစ်သည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် အမြန်ဆုံးအကောင်အထည်ဖော် ရေးကို လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က အဆိုပြန်လည်တင် သွင်းလာခြင်းဖြစ်သည်။

၂၀၁၄ သြဂုတ် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ ရန်ကုန် မြို့တစ်ဖက်ကမ်းရှိ မြေဧက သုံး သောင်းကျော်တွင် အဆိုပါမြို့ သစ်စီမံကိန်း အကောင်အထည်ဖော်ရေးကို ရန်ကုန်မြို့တော်ဝန်က ပြောကြားအပြီး ရက်ပေါင်း ၃၄ ရက်အကြာ၌ စီမံကိန်းကို ရပ် ဆိုင်းရန် ကြေညာခဲ့သည်။

အဆိုပါစီမံကိန်းကို သုံးနှစ် အတွင်း ၇၀ ရာခိုင်နှုန်း ပြီးစီး အောင် ဆောင်ရွက်သွားမည်ဖြစ် ပြီး ကျပ်ငွေဘီလီယံ ခုနစ်ထောင် ကျော်နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကာ စီမံကိန်းသည် ကြည့်မြင် တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် တွံတေးမြို့နယ်များ တွင် တည်ရှိကာ ခန့်မှန်းဧရိယာ ဧက သုံးသောင်း ကျယ်ဝန်းမည် ဖြစ်သည်။

Credit to>>>7 Day Daily

0 comments:

Post a Comment