15.6.13

ဒေါ်အောင်ဆန်းစုကြည် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ် တို့တွေ့ဆုံ

ရန်ကုန် ဇွန် ၁၅ ရန်ကုန်မြို့သို့ရောက်ရှိနေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်း စုကြည် နေအိမ်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ မူလ သတင်းထုတ်ပြန် ထားချက်အရ မွန်းလွဲ ၂ နာရီ ၌ တွေ့ဆုံမည်ဟု ဆိုသော်လည်း နာရီဝက်ခန့်စော၍ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုနှင့် ပတ်သတ်၍ နှစ်ဖက်စလုံးမှ တစုံတရာ သတင်းထုတ်ပြန်မှုမရှိခဲ့ကြောင်း သိရသည်။“အလည်သက်သက် လာတာပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က နေအိမ်မှ ပြန်လည် ထွက်ခွာချိန် သတင်းရယူရန် စောင့်ဆိုင်းနေသော မီဒီယာ များအား ကားပေါ်မှ ပြောကြားသွားခဲ့သည်။
NLA
ဓာတ်ပုံ - ကိုကျော်စိုးလင်း
Source - Popular Myanmar News Journal
 

0 comments:

Post a Comment