19.9.13

သူပုန်များ၏ ဖမ်းဆီးထားခြင်း ခံရသော ဓားစာခံ ၁၀၇ ဦးအား ဖိလစ်ပိုင် စစ်တပ် ကယ်ဆယ် နိုင်ခဲ့

ဖိလစ်ပိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦးအဖွဲ့ (MNLF) မှ ဖမ်းဆီးထားသော ဓားစာခံ ၁၀၇ ဦးခန့်ကို လွန်ခဲ့သည့် ၄၈ နာရီကျော်က ကယ်တင်နိုင် ခဲ့ကြောင်း စစ်တပ်က စက်တင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။


ဓားစာခံ များအနက် ၆၆ ဦးကို စက်တင်ဘာ ၁၇ ရက် နံနက် ၃ နာရီက ကယ်တင် နိုင်ခဲ့ပြီး နောက် နာရီ အနည်းငယ် အကြာတွင် ငါးဦးကို ထပ်မံ ကယ်တင် နိုင်ခဲ့ကြောင်းနှင့် စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ၃၆ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ကြည်း တပ်တပ်ဖွဲ့ ပြည်သူ့ရေးရာ အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး ရေမွန်ဇာဂါလာက ပြောကြား သည်။

ဖိလစ်ပိုင် စစ်တပ်သည် (MNLF)နှင့် အပစ်အခတ် ရပ်စဲရန် အတွက် မိနစ် ၃၀ ကြာ လမ်းဖွင့် ပေးထား ခဲ့ကြောင်းနှင့် (MNLF) သူပုန် အဖွဲ့အား အကြွင်းမဲ့ လက်နက်ချစေရန် လုပ်ဆောင် သွားမည်ဖြစ်ပြီး ၎င်းတို့ အနေဖြင့် ဥပဒေ ချိုးဖောက်မှု အတွက် ရင်ဆိုင်ရမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။

(MNLF) သူပုန် အဖွဲ့ဝင် ရာပေါင်းများစွာသည် ဇန်ဘို အန်ဂါမြို့သို့ ၀င်ရောက်ခဲ့ပြီး အစိုးရ အဖွဲ့ကို တိုက်ခိုက် ခဲ့သည်မှာ ကိုးရက်မြောက် နေ့ရှိပြီ ဖြစ်ကြောင်းနှင့် သူပုန် အဖွဲ့သည် ကမ်းခြေရွာ လေးရွာမှ ပြည်သူ ရာပေါင်း များစွာကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား လူသားဒိုင်း များအဖြစ် အသုံးပြု ခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment