18.9.13

အစ္စရေး နိုင်ငံတွင် ဖျက်အားပြင်း လက်နက်များ သိုလှောင်ထားမှု အပေါ် အမေရိကန် မီဒီယာများ နှုတ်ဆိတ်

အမေရိကန် နိုင်ငံသည် ဆီးရီးယား နိုင်ငံအတွင်းရှိ ဓာတုလက်နက် များနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေစဉ်တွင် အစ္စရေး နိုင်ငံတွင်
ဖျက်အားပြင်း လက်နက်များ သိုလှောင် သိမ်းဆည်းထားမှု အပေါ် အမေရိကန် သတင်း မီဒီယာများက ရေငုံနှုတ်ပိတ် နေကြကြောင်း အမေရိကန် သတင်းထောက် တစ်ဦးက ပြင်းပြင်းထန်ထန်ဝေဖန် ပြောဆိုလိုက်ကြောင်း သိရသည်။



အမေရိကန်နှင့် အစ္စရေး နှစ်နိုင်ငံစလုံးတွင် ဖျက်အားပြင်း လက်နက်များ ဖြစ်သည့် နျူကလီးယား၊ ဓာတုလက်နက်နှင့် ဇီဝလက်နက် များကို သိုလှောင်သိမ်းဆည်း ထားလျက်ရှိကြောင်း ချီကာဂိုတွင် နေထိုင်သော ရေဒီယို အစီအစဉ်မှူး တစ်ဦးဖြစ်သူ စတီဖင်လန်းဒ်မန်းက တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အဓိက အန္တရာယ်ရှိသော ဖျက်အားပြင်း လက်နက်မှာ အစ္စရေး နိုင်ငံ၏ နျူကလီးယား လက်နက် ပင် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး ဘာရှာအယ်လ်ဂျာ အာဖာရီက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် အစ္စရေး နိုင်ငံတွင် ဓာတုလက်နက်များကို သိုလှောင်သိမ်းဆည်း ထားလျက်ရှိပြီး အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍မူ မည်သူမျှ ပြောဆိုကြခြင်း မရှိကြောင်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

စက်တင်ဘာ ၁၅ ရက်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် အစ္စရေးဝန်ကြီး ဘင်ဂျမင်နေတန်ယာဟုတို့ တွေ့ဆုံစဉ် အစ္စရေးနိုင်ငံ အတွင်းရှိ လက်နက်များသည် ခြိမ်းခြောက်မှု အန္တရာယ်များမှ ကာကွယ်ရန် အတွက်သာ ဖြစ်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment