18.9.13

ၾသစေၾတးလ် ၀န်ကြီးအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆို

သြစတြေးလျနိုင်ငံ အစိုးရသစ်အဖွဲ့ ခေါင်းဆောင် ၀န်ကြီးချုပ်သစ် Tony Abbott ဟာ သြစတြေးလျနိုင်ငံရဲ့ ၂၈ ယောက်မြောက် ၀န်ကြီးချုပ်အနေနဲ့ ဒီနေ့မနက်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်ပါတယ်။


မကြာသေးခင်ကပဲ သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အတိုက်အခံပါတီအဖွဲ့က အစိုးရ၀န်ကြီးအဖွဲ့အသစ်အနေနဲ့ ဒီကနေ့ တရားဝင် စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

ဒီနေ့မနက် ကျမ်းသစ္စာ ကျိန်ဆိုအပြီးမှာတော့ ရွေးကောက်ပွဲ မဲဆွယ်တဲ့ကာလက ဂတိက၀တ် ပြုခဲ့တဲ့ လုပ်ငန်းတွေကိုလည်း နေရာချပြီး စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။

အစိုးရသစ် အဖွဲ့အနေနဲ့ ချက်ခြင်းစတင်လုပ်ဆောင်မဲ့ကိစ္စကတော့ အရင် လေဘာအစိုးရလက်ထက်က ချမှတ်ခဲ့တဲ့ ကာပွန် အခွန်ကောက်ခံမှုကိစ္စ ဖျက်သိမ်းဖို့ စတင်လုပ်ဆောင်မှာ ဖြစ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီး Greg Hunt ကပြောပါတယ်။

ကာပွန်ခွန်ပေးဆောင်ရေး ပေါ်လစီကို လုံးဝဖျက်သိမ်းဖို့အတွက် ဘဏ္ဍာရေးဝန်ကြီး Joe Hockey ကလည်း ကာပွန်ဓာတ်ငွေ့အတွက် အခွန်ပေးဆောင်နေတဲ့ဌာနကိုလည်း ဆက်ပြီးမပေးတော့ဖို့အတွက် ညွန်ကြားမှာဖြစ်ပါတယ်။

အဲ့ဒါအပြင် အခုအစိုးရအဖွဲ့သစ်ရဲ့ နယ်စပ်ကာကွယ်ရေးပေါ်လစီကလည်း ဒီကနေ့ စတင်အသက်ဝင် လာမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ လှေတွေနဲ့ ရောက်လာတဲ့ ခိုလုံခွင့်တောင်းခံသူတွေ ကိုပေးတဲ့ အမြဲတမ်းကာကွယ်စောင့်ရှောက်ခွင့် ဗီဇာကို ရပ်ဆိုင်းပြီး ယာယီကာကွယ်စောင့်ရှောက်ခွင့် ဗီဇာပဲ ချပေးဖို့အတွက် စတင်လုပ်ဆောင်သွားဖို့ ၀န်ကြီးချုပ်သစ် Tony Abbott ကဆိုပါတယ်။

အခု နယ်စပ်ကာကွယ်ရေးပေါ်လစီသစ်ထဲမှာ လုံခြုံမှုရှိရင် လှေတွေ ပြန်တွန်းပို့မယ့် အစီအစဉ်လည်း ပါသလို လူမှောင်ခိုကုန်ကူးသမားတွေကို အသုံးပြုတဲ့ အင်ဒိုနီးရှားပိုင် ငါးဖမ်းလှေတွေကိုလည်း ၀ယ်ယူသွားဖို့ပါဝင်တယ်လို့ သိရပါတယ်။

ABC Radio Australia

0 comments:

Post a Comment