18.9.13

မြန်မာအမျိုးသမီးအသင်း၏ လက်ကျန် နောက်ဆုံးပွဲစဉ်အား သုံးသပ်ကြည့်ခြင်း

ယနေ့ညနေ ၁၈ ရက်နေ့ ညနေ ၄ နာရီ တိတိမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း နှင့် ဂျပန် ယူ ၂၃ အမျိုးသမီးတို့ အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရတော့မှာဘဲ ဖြစ်ပါတယ်။ နှစ်သင်းစလုံး ဟာ နိုင်ပွဲ (၃) ပွဲဆက်ဖြင့် အနိုင်ရရှိထားတာမို့ ဆီးမီးဖိုင်နယ်ကို တက်ရောက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်စု ပထမနေရာအတွက် ဒီနေ့ ညနေမှာ ရုန်းကန်ကစားရဖို့ အနေအထားဖြစ်နေပါသည်။
လက်ရှိ မြန်မာအသင်း၏ အုပ်စု (ခ) အခြေအနေကတော့ ဂျပန်အသင်းက မြန်မာအသင်းနဲ့ ရမှတ်တူသော်လည်း ဂိုးပေါင်း ၁ ဂိုးအသာဖြင့် အုပ်စုထိပ်မှာ နေရာယူနေလျှက် ရှိနေပါသည်။ တဖက်အုပ်စုကတော့ မနေ့က ပွဲစဉ်အားလုံးကန်အပြီးမှာ သြစတေးလျ ယူ ၁၉ အသင်းက ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု ပထမနေရာရရှိသွားပါတယ်။

လက်ရှိချန်ပီယံ ဗီယက်နမ် အမျိုးသမီး အသင်းကတော့ အုပ်စု ဒုတိယဖြင့် ဆီမီးဖိုင်နယ်ကို လှမ်းတက်နိုင်ခဲ့ပါတယ်။ နာမည်ကြီး
ထိုင်းလက်ရွေးစင် အမျိုးသမီးကတော့ တတိယနေရာဘဲ ရရှိခဲ့သည့်အတွက် အိမ်ပြန်စောသွားခဲ့ပါတယ်။ အုပ်စု နောက်ဆုံးပွဲမှာ သြစတေးလျ ယူ ၁၉ အမျိုးသမီး နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာမှာ ဂိုးမရှိသရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။

လက်ရှိချန်ပီယံထက် သြစတေးလျ ယူ ၁၉ အမျိုးသမီး က အနည်း ငယ် ခြေစွမ်းသာသယောင် ရှိနေပါတယ်။မြန်မာအမျိုးသမီး အ သင်း အနေဖြင့် ဂျပန်အသင်း ကိုအနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ယူနိုင်ပါမှ ဖိုင်နယ်တက်ဖို့ ပိုသေချာမည်ဟု ထင်မြင်မိပါတယ်။ အိမ်ရှင်အခွင့်အရေး ရှိတုန်း အကောင်းဆုံး စွမ်းဆောင်နိုင်ပါစေကြောင်းကိုလည်း မျှော်လင့် ဆုတောင်းမိပါသည်။ မနေ့က အင်ဒိုနီးရှားပွဲတွင် မြန်မာအိမ်ကွင်းမှာ အားပေးသည့် ပရိတ်သတ်များ လွန်စွာနည်းပါးသည်ကိုတွေ့ရပါသည်၊ အမျိုးသမီးသမီးအသင်းအတွက် ပရိတ်သတ်အားပေးမှုက လွန်စွာလို အပ်ကြောင်းနှင့် ဒါမှသာ သူတို့အတွက် ပိုမိုအောင်မြင်လာနိုင်မည်ဟု သုံးသပ်မိကြောင်း နှင့် လာရောက်အားပေးရန် အနှုးအညွှတ် တောင်း ဆိုလိုကြောင်း မြန်မာ့ဘောလုံးအဖွဲ့ချုပ် ၀က်ဆိုက်က ကြေငြာထား တာကို တွေ့ရပါသည်။

အမျိုးသမီးပွဲစဉ်များကို တီဗွီမှာထက် တက်နိုင်လို့ ရှိရင် ကွင်းအတွင်း ကိုယ်တိုင်ကိုယ်ကျ အားပေးသင့်ကြောင်းကိုလည်း ကျွန်တော်က ထပ်လောင်းတိုက်တွန်းမိပါသည် ခင်ဗျ။

အိမ်ကွင်းပရိတ်သတ်တွေနှင့် အတူ မြန်မာအမျိုးသမီးအနေဖြင့် အုပ်စု ပထမ ရမှသာ ဆီမီးမှာသက်သာနိုင်မည်ဟု ယူဆတဲ့အတွက် ဂျပန်ကို အနိုင်ကစားသွားနိုင်မည်ဟု သုံးသပ် အသိပေးမိရင်း နက်ဖြန် ပွဲစဉ်ကို ကဖေးပရိတ်သတ်များအတွက် သတင်းပေးလိုက်ပါသည်.။ * (ဓာတ်ပုံ ကိုဇေ၏ မြန်မာအမျိုးသမီးအသင်း ပုံကို ပရိတ်သတ်များ ရှင်းလင်းစွာသိရှိစေရန် ဖိုတိုလျော့ ဖြင့် ပြင်ဆင်ဖော်ပြမိကြောင်းပါ)

Written by မိုးတိမ်
Football Café

0 comments:

Post a Comment