18.9.13

မဒေးကျွန်း၌ မစ္စတာလီမော်ဟိုသေဆုံးမှုအတွက် တရုတ်ရဲအရာရှိ သုံးဦးက ကျောက်ဖြူသို့ ရောက်ရှိစစ်ဆေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းရှိ တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ CNPC ကုမ္ပဏီလက်အောက်ခံ ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား
တစ်ဦး သေဆုံးမှုအား စစ်ဆေးရန် တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိ အရာရှိတစ်ဦးနှင့် ရဲအရာရှိနှစ်ဦးပါ အဖွဲ့သည် စက်တင်ဘာ(၁၂)ရက်က
ကျောက်ဖြူမြို့သို့ရောက်ရှိကာအမှုကိုစတင်စစ်ဆေးလျက်ရှိသည်ဟု
ကျောက်ဖြူ မြို့နယ်ရဲစခန်းမှ သိရှိရသည်။



တရုတ်လုပ်သားမစ္စတာလီမော်ဟိုသေဆုံးမှုနှင့် ပတ်သက်၍ ယူနန်ကုမ္ပဏီမှ မန်နေဂျာ မစ္စတာ Mar Wai အပါအ၀င် အလုပ် သမား(၁၁)ဦးကို
ကျောက်ဖြူမြို့နယ်ရဲစခန်းက ထိန်းသိမ်းပြီး သေမှုသေခင်း ဖြစ်စဉ်ဒဏ်ရာ
မျာနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက် ရေးအတွက် အကြိမ်ကြိမ်စစ်ဆေး
aမးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိန်းသိမ်းစစ်ဆေးခံ အလုပ်သမား(၁၁)ဦး
စလုံးက သေဆုံး မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိကြောင်းကိုသာ အဖြေတစ်မျိုးတည်း ထွက်ဆိုကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းများအား ကိုးကား၍ ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဦးသိန်းတိုးက ပြော
ကြားသည်။

“အလုပ်သမား၁၁ဦးအပြင် မန်နေဂျာကလည်း လီမော်ဟိုသေဆုံးမှုနှင့် ပတ်သက်ပြီး မသိရှိကြောင်း၊ နှာခေါင်းသွေး မကြာခဏ ယိုလေ့ရှိတယ်။ နောက်ပြီး စိတ်မူမမှန်ကစဉ့်ကလျားဖြစ်ပြီး အလုပ်နားချိန်အပြင်ကို ထွက်သွားလေ့ရှိတယ် စသည်ဖြင့် မရေမရာ ဖြေကြားကြတယ်။” ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဦးသိန်းတိုးက ပြောကြားသည်။

ထိုထွက်ဆိုချက်နှင့် ပတ်သက်ပြီးသေဆုံးသူ၏ ရုပ်အလောင်းဒဏ်ရာ
ဒဏ်ချက်ပြဿနာများနှင့် တလွဲစီဖြစ်နေသည့်အတွက် မြန်မာစီအိုင်ဒီနှင့် တရုတ်ရဲများ ပူးပေါင်းပြီး အမှုမှန်အမြန်ဆုံး ဖော်ထုတ်နိုင်မည်ရန်ကြိုး
ပမ်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ကျောက်ဖြူ မြို့နယ် ရဲစခန်းမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆိုသည်။

သေဆုံးသူ မစ္စတာလီမော်ဟို၏ ရုပ်အလောင်းအား စက်တင်ဘာ (၄)ရက်တွင် မဒေးကျွန်းကမ်းစပ် တစ်နေရာ၌ ကမ်းတင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းအား ရဲစစ်ဆေးချက် မှတ်တမ်းများအရ လည်ပင်းတွင် တစ်လက်မခန့်အနက် ထိုးသွင်း ဒဏ်ရာနှစ်ချက်၊ လက်မောင်းရင်းတွင် ရိုက်နှက်ဒဏ်ရာနှစ်ချက်နှင့် ပါးစပ်အား ရိုက်နှက်မှုကြောင့် သွားများကျိုးနေသည့် ဒဏ်ရာများအပြင် မစ္စတာလီမော်ဟို၏အိပ်ရာစင်ခုတင်အောက်၌လည်း သွေးစက်များ ပေကျံလျက် တွေ့ရှိရသည်ဟု ဖော်ပြထားသည်။

မစ္စတာလီမော်ဟိုသေဆုံးမှုကို မဒေးကျွန်းရှိ ပြည်ပကုမ္ပဏီများအကြား ကျွန်းသားများလက်ချက်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေကြောင်း မစ္စတာလီမော်ဟိုရုပ်အလောင်းအား တွေ့ရှိမည့် တစ်ရက်အလို စက်တင်ဘာ(၂) ရက်ကပင် ယူနန် ကုမ္ပဏီမှ လူပျောက်ကြော်ငြာမှုနှင့် ရဲများစစ်ဆေးစဉ်ယူနန်ကုမ္ပဏီ မန်နေဂျာအပါအ၀င် အလုပ်သမား (၁၁)ဦး၏ ဖြေကြားထွက် ဆိုချက်မှာ ဒေသခံများဘက်သို့ မြှားဦးလှည့်ရောက်သွားသလိုမျိုးဖြစ်နေသည်ဟု ကောက်ချက်မှတ်ယူကာ ကျွန်းသူကျွန်းသား များအနေဖြင့် CNPC ကုမ္ပဏီအပေါ် စိတ်ဆိုးဒေါသဖြစ်နေကြသည်ဟု မဒေးကျွန်းဒေသခံတစ်ဦးက ၄င်းအမြင်ကိုပြောသည်။

ထို့အပြင် ကျွန်းရှိ CNPC ကုမ္ပဏီ သိမ်းဆည်းခံမြေလျော်ကြေးကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်ရာမှ
ခေါင်းဆောင်၁၀ဦး ပြစ်ဒဏ်အမိန့်ချမှတ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေ
ရသဖြင့် တရုတ် CNPC ကုမ္ပဏီအပေါ် စိတ်ဆိုး ဒေါသထွက် နေကြသည့် မဒေးကျွန်းသူကျွန်းသားများလည်း ရှိနေသည်ဟု မဒေးကျွန်းသူကျွန်းသား
များထံမှ သိရသည်။

0 comments:

Post a Comment