18.9.13

ကန်ဒေါ်လာ ၉.၄ သန်းတန်တဲ့ 1935 Alfa Romeo

Alfa Romeo Tipo C 8C-35 လို့ အမည်ပေးထားတဲ့ကား ဖြစ်ပါတယ်။ ၁၉၃၅ ခုနှစ်မော်ဒယ် ကားပါ။ ဒုတိယ ကမ္ဘာစစ်ကာလ မှာ ရေပန်စားခဲ့ တဲ့ ပြိုင်ကား ဖြစ်ပါတယ် ထုတ်လုပ်တဲ့ ကုမ္မဏီကလည်း အီတလီ အခြေ ဆိုက် Alfa Romeo ဖြစ်ပါတယ်။ ပြိင်ကားမောင်းသမား Tazio Nuvolari ပိုင်ဆိုင်ခဲ့တဲ့ကားပါ။


ယခုတော့ အမေရိကန်မှာ နေထိုင်တဲ့ သန်းကြွယ်သူဌေးတစ်ဦးက ပြန် ထုတ်ရောင်းခြင်း ဖြစ်ပါတယ်။ လေလံဈေးကွက်ပေါ် တင်လိုက်ခြင်းပါ။ ဒါကို နောက်ထပ် သန်းကြွယ် သူဌေးတစ်ဦးက အမေရိကန်ဒေါ်လာ ၉.၄ သန်းနဲ့ ဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ လေလံကား တန်ဖိုး စာရင်းထဲ မှာ ကြေး အများဆုံး ထိပ်တန်းတွေထဲ ပါဝင် လာပါတယ်။ ၁၉၄၄ မော်ဒယ် Mercedes Benz W196R ရဲ့  လေလံဈေးကိုတော့ မမှီသေးပါဘူး။ ယင်းကားလေလံဈေးက ကန်ဒေါ်လာ ၂၉ သန်း ဖြစ်ပါတယ်။

Alfa Romeo Tipo C 8C-35 ဆလင်ဒါ ၈ လုံးပူး စူပါချာဂျာတပ် အင်ဂျင်ကို အသုံးပြုထားပြီး သူ့ခေတ်သူ့ခါက အတော်လေး အမြန်ပြေးတဲ့ ကားပါ။ စက်ပစ္စည်းများလည်း အကောင်းတိုင်း ရှိနေသေးပြီး အသုံးပြု၊မောင်းနှင်လို့ ရနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:autoblog
ColayAutomobile

http://www.myanmaronlinenews.net/

0 comments:

Post a Comment