18.9.13

ကမ္ဘာ့ အမြန်ဆုံး လျှစ်စစ်ပြိုင်ကား

Lord Drayson အမည်ရ အမေရိကန်လူမျိုး လျှပ်စစ်-စက်မှု အင်ဂျင်နီယာမှ ဖန်တီးလိုက်တဲ့ပြိုင်ကား ဖြစ်ပါတယ်။


တစ်နာရီ ၂၀၄ မိုင်နဲ့ စံချိန်တင် မောင်းပြနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ် ၄၀ က တစ်နာရီ မိုင် ၁၇၀ ကျော်မောင်းနိုင်တဲ့ ပြိုင်ကား စံချိန်ကို ချိုးခဲ့ခြင်း ဖြစ် ပါတယ်။ RAF Elvington Airfield လို့ အမည်ပေးထား ပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၆၀၀ bhp ရရှိအောင် ဖန်တီး ထားတဲ့ လျှပ်စစ်ဘက်ထရီရဲ့  စွမ်းအင်သုံးစွဲမှုလည်း အင်မတန် များပြား ပါတယ်။

သို့ပေမယ့် ပြိုင်ကွင်းထဲမှာ စံချိန်တင်တုန်းကတော့ တစ်ပတ် မက မောင်းနှင်ပြသ ခဲ့ခြင်း ဖြစ်ပါတယ်။ ရည်ရွယ်ချက်က အနာဂတ် မှာ ပြိုင် ကားမောင်းပြိုင်ပွဲတွေကို လျှပ်စစ်ဘက်ထရီ အစားထိုး အသုံးပြုခြင်း ဖြစ် ပါတယ်။

ယင်းမော်တော်ယာဉ်ဟာ Prototype အနေနဲ့ တစ်စီးတည်းသာ ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။ အရေအတွက် အမြောက်အများ ထုတ်လုပ်မှုကို ၂၀၁၄ ခှနှစ်အတွင်း စတင်မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

http://www.myanmaronlinenews.net/

0 comments:

Post a Comment