18.9.13

သမိုင်းသစ်ရေးထိုးခြင်း


Gamlamrazi ဆိုတဲ့ Facebook Page မှာ မြန်မာ..အမေရိကန်ပူးပေါင်း
တောင်တက်အဖွဲ့သည်စက်တင်ဘာလ(၇)ရက်နေ့ကမြန်မာနိုင်ငံမြောက်
ဖျားက ဂမ်လမ်ရာဇီတောင်ထိပ်ကိုရောက်ရှိခဲ့ကြောင်းသိရသည်။

ထူးဖေါင်ဒေးရှင်းကတောက်တက်ခရီးစဉ်အစအဆုံးပံ့ပိုးပေးပြီး
ဖုန်ရင်ခရီးသွားလုပ်ငန်းက စီစဉ်ခဲ့တယ်လို့ အဆိုပါ Page မှာ ဖော်ပြထားပါတယ်။ ဦးတေဇ၊ ထူးဖောင်ဒေးရှင်းနှင့် တောင်တက်ခရီးမှာ ကူညီသူ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာဘီလီယံနာ ခရိုနီကြီး ဦးတေဇက ၄င်းပိုင် ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ် နှစ်စီးနှင့် (၁၈-၉-၂၀၁၃) ဒီနေ့မှာ ပူတာအိုမှတဆင့် ၄င်းတောင် တက်အဖွဲ့အား နောင်မွန်းမြို့သို့ သွားရောက်ကြိုဆိုပြီး ပူတာအိုမြို့ သို့အမေရိကန်နိုင်ငံသား (၃) ဦး ပြန်လည်ရောက်ရှိလာပြီဖြစ် ကြောင်း လည်း သိရှိရပါသည်။

၎င်း Facebook Page တွင်ဖော်ပြထားသော မြေပုံအရ ပြီးခဲ့သည့် လဆန်းပိုင်းက အစိုးရနှင့် KIA တို့ကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့သော မချမ်းဘောဒေသအား တောင်တက်အဖွဲ့ဝင်များ ရှောင်ရှားနိုင်စေရန် ယခုကဲ့ သို့ ရဟတ်ယာဉ်များဖြင့် သွားရောက် ကယ်ထုတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။ အဲဒီလို သွားရောက်ကယ်ထုတ်တဲ့နေရာမှာ ရဟတ်ယာဉ်နှင့်အတူ ဦးတေဇလည်း လိုက်ပါသွားကြောင်း သတင်းများ ထွက်ပေါ်နေပါသည်။

အမြင့်ပေ ၁၉၁၄၇ ပေရှိသော အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးရေခဲဖုံးလွှမ်းနေသော တောင်ထိပ်ဖြစ်သော ဂမ်လမ်ရာဇီ တောင်ထိပ်သို့ ပထမဦးဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သော မြန်မာ- အမေရိကန်တောင်တက်အဖွဲ့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် ဆုတောင်းပေးအပ်ပါသည်။

တောင်ကြီး ဖ၀ါးအောက်ဟူသော ဆိုရိုးစကားအတိုင်း အရှေ့တောင်အာရှ နှင့် မြန်မာနိုင်ငံ၏ အမြင့်ဆုံး တောင်ထိပ် နှစ်ခုဖြစ်သော ခါကာဘိုရာဇီနှင့် ဂမ်လမ်ရာဇီ တောင်ထိပ် နှစ်ခုလုံးအား မြန်မာနိုင်ငံသားတို့ သမိုင်းသစ်ရေးထိုး၍ ခြေချနိုင်ခဲ့ပြီဖြစ်ပါသည်။


တိုင်းလုံးကျော်

0 comments:

Post a Comment