2.3.14

သီလဝါအထူးစီးပွားရေးဇုံမှ သိမ်းဆည်းခံ လယ်သမားများက လယ်တစ်ဧက ငွေကျပ်သိန်း ၃၀၀ တောင်းဆိုမည်


ရန်ကုန်၊ မဇ္ဈိမ။ ။ သီလဝါအထူးစီးပွားရေးဇုံစီမံကိန်းအတွက် လယ်မြေ သိမ်းဆည်းခံ လယ်သမားများက လယ်တစ်ဧကလျှင် သိန်းသုံးရာ လျော်ကြေးပေးရန် တောင်းဆိုမည်ဟု ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ဖေဖော်ဝါရီလ ၂၈ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။


အထူးစီးပွားရေးဇုံ အကောင်အထည်ဖော်ရေးအတွက် သိမ်းဆည်းခံရသော လယ်မြေများကို လျော်ကြေးပေးရာတွင် ကာလပေါက်ဈေး၏ ထက်ဝက်ခန့်ကို တောင်းဆိုမည်ဟု ယင်းတို့ကပြောသည်။

“အခုရတာက သီးနှံလျော်ကြေးပဲဖြစ်တယ် မြေအတွက်မရတဲ့အတွက် မြေယာလျော်ကြေး တစ်ဧကကို သိန်း ၃၀၀ နှုန်းနဲ့ တောင်းဆိုမှာပါ။ မပေးရင် ဖယ်မပေးနိုင်ပါဘူး”ဟု ယင်းသတင်းစားရှင်းလင်းပွဲတွင် သီလဝါအထူးစီးပွားရေးဇုံ နယ်မြေအတွင်း အလွမ်းဆွတ်ရွာက လယ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြလှိုင်က ပြောသည်။

သီလဝါအထူးစီးပွားရေးဇုံစီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ဟက်တာ ၂၄၀၀ အတွင်းရှိ လယ်သမားများအနက် ဟက်တာ ၄၀၀အတွင်းရှိ လယ်သမားများက ပြောင်းရွေ့ကာ လျော်ကြေးများရယူပြီးဖြစ်သော်လည်း ကျေနပ်နိုင်ခြင်းမရှိဟု ဆိုသည်။

“သူတို့ပေးတဲ့လျော်ကြေးကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လက်မှတ်ထိုးပြီးယူခဲ့ရပါတယ်။ ဒါပေမယ့် ဒီလျော်ကြေးငွေဟာ
တရားမျှတမှုမရှိတဲ့အတွက် ဆက်တောင်းဆိုမှာပါ”ဟု လျော်ကြေးရယူပြီးသူ ၆၈ဦး ကိုယ်စား ကိုကျော်ဝင်းကပြောသည်။

တောင်သူများအနေဖြင့် ၂၀၁၃ခုနှစ်အတွင်းက အထူးစီးပွားရေးဇုံ တာဝန်ရှိသူများထံက လျော်ကြေးရယူခဲ့ပြီး လယ်တစ်ဧကလျှင် သီးနှံလျော်ကြေး နှစ်သိန်းခွဲရရှိပြီး နေအိမ်များဖယ်ရှားပေးရသဖြင့် ကာလတန်ဖိုး ငွေ၂၅သိန်
းတန်ဖိုးရှိ နေအိမ်များရရှိခဲ့သည်ဟု ယင်းတို့က ဆိုသည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်း နယ်မြေတွင် လယ်မြေတစ်ဧကကို သိန်း ၆၅၀ခန့် ပေါက်ဈေးရှိသည်ဟုလည်း သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် လယ်သမားများကဆိုသည်။

ဟက်တာ ၂၀၀၀ရှိသည့် သီလဝါအထူးစီးပွားရေးဇုံ စီမံကိန်းကို ပထမအဆင့် ဟက်တာ ၄၀၀ စီမံကိန်းပြီးမည့် ၂၀၁၅ခုနှစ်မှစတင်ရန် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက လျာထားသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုံအတွက် မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများကို ၂၀၁၄ခုနှစ် မတ်လ ၃ရက်တွင် အစုရှယ်ယာများကိုလည်း စတင်ရောင်းချတော့မည်ဖြစ်သည်။

သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း စုစုပေါင်းဟတ်တာ ၂၄၀၀အတွက် လယ်မြေဧက ၅,၉၃၀ကို အသုံးပြု အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့ရှိ အလွမ်းဆွတ်ကျေးရွာ၊ ပျားကုန်းကျေးရွာ၊ သီလဝါကျေး ရွာ၊ ဖလန်းကျေးရွာ၊ တပ်ရာကုန်းကျေးရွာနှင့် သီတာမြိုင်ကရပ် ရပ်ကွက်မှ လယ်ယာမြေများ သိမ်းဆည်းထားခြင်းဖြစ်သည်။
Mizzimahttp://www.themeltingpot4u.com/2014/03/blog-post_8457.html

0 comments:

Post a Comment