25.7.16

အနုညာတခုံရုံးအဆုံးအဖြတ်ထွက်လာပြီးနောက် တရုတ်စစ်ဘက်က လက်နက်အသစ်များခင်းကျင်းပြသ


တောင်တရုတ်ပင်လယ်အတွင်းရှိ ဒေသအများစုကို သမိုင်းကြောင်းအရ ပိုင်ဆိုင်ခွင့် တောင်းဆိုနိုင်သည်ဟူသော တရုတ်နိုင်ငံ၏ ပြောကြားချက်သည် ဥပဒေနှင့်ညီညွတ်မှုမရှိ ဟု ကုလသမဂ္ဂက ထောက်ခံသည့်အနုညာတခုံရုံးက ဆုံးဖြတ်ခဲ့ပြီးနောက် တရုတ်စစ်ဘက်က တာဝေးပစ်ဒုံးကျည် လက်နက်များအပါအဝင် လက်နက်သစ်များကို ခင်းကျင်း ပြသခဲ့ကြောင်း ဇူလိုင် ၂၂ ရက် ပီတီအိုင်သတင်းတွင် ဖော်ပြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (ပီအယ်လ်အေ)၏ တောင်ပိုင်းတိုင်းတိုက်ခိုက်ရေးဌာန ချုပ်သည် တောင်တရုတ်ပင်လယ်၏ရှေ့တန်းစစ်မျက်နှာကို တာဝန်ယူထားပြီး လက်နက်သစ်များကို ထုတ်ဖော်ပြသ ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်ဒေသတစ်ခုလုံးနီးပါးကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည့်တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံအကြား ရေကြောင်းပိုင်နက်အငြင်းပွားမှု နှင့်ပတ်သက်၍ နိုင်ငံတကာအနုညာတခုံရုံးက ဆုံးဖြတ်ခဲ့ ပြီး ယင်းသမိုင်းဝင်ဆုံးဖြတ်ချက်ကို အာခံလျက် တရုတ် နိုင်ငံက လက်နက်သစ်များခင်းကျင်းပြသပုံကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ပြသခဲ့သည်။
အသစ်ဖွဲ့စည်းလိုက်သည့် တရုတ်တောင်ပိုင်း တိုင်းတိုက်ခိုက်ရေးဌာနချုပ်သည် အမေရိကန်နှင့်ဖြစ်ပွား လာနိုင်ဖွယ်ရှိသော မည်သည့်စစ်ရေးထိပ်တိုက်ရင်ဆိုင် တွေ့ဆုံနိုင်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်ရန် ကောင်းစွာပြင်ဆင် ထားပြီးဖြစ်ကြောင်း စစ်လက်နက်သစ်များကို အများ ပြည်သူတို့အား ရှားတောင့်ရှားခဲထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက်တောင်တရုတ်နံနက် ခင်းသတင်းစာက ဖော်ပြသည်။
လက်နက်သစ်များထုတ်ဖော်ပြသပွဲသည် အဆိုပါ စစ်ဌာနချုပ်သို့ တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချောင်လောင်း လာရောက်ချိန်နှင့်တိုက် တိုက်ဆိုင်ဆိုင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် တရုတ် သမ္မတရှီကျင့်ဖျင်ပြီးလျှင် တရုတ်စစ်ဘက်တွင် ရာထူး အမြင့်မားဆုံး တာဝန်ရှိသူဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဗဟိုစစ်ရေးကော်မရှင်(စီအမ်စီ)၏ဥက္ကဋ္ဌ ရာထူးအပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ)၏စစ်ဦးစီးချုပ်တာဝန်ကိုပါ ထမ်းဆောင် လျက်ရှိသည်။ 
Credit To >>> The Mirror Daily

0 comments:

Post a Comment