20.7.16

၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၈၃၇ ခုတွင် ဒေါ်လာ ၅၃၃၄၈ သန်းကျော် ရရှိထားပြီး တရုတ်နှင့် စင်ကာပူမှ ဆက်လက် ဦးဆောင်

၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ နိုင်ငံပေါင်း ၄၁ နိုင်ငံမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၈၃၇ ခုမှ ဒေါ်လာ ၅၃၃၄၈ သန်းကျော် ရရှိထားပြီး တရုတ်နှင့် စင်ကာပူမှ ဆက်လက် ဦးဆောင်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံမှ စီမံကိန်း ၁၀၈ ခုမှ ဒေါ်လာ ၁၇၉ ၂၈ သန်းကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူနိုင်ငံမှ စီမံကိန်း ၁၇၃ ခုမှ ဒေါ်လာ ၁၂၆၄၆ သန်းကျော်ဖြင့် ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားကာ ဟောင်ကောင်မှ စီမံကိန်း ၁၀၇ ခုမှ ဒေါ်လာ ၇၂၅၄ သန်းကျော်ဖြင့် တတိယ အများဆုံး လာရောက်ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လကုန်အထိ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် နယ်သာလန်နိုင်ငံမှ စီမံကိန်း ၁၁ ခုမှ ဒေါ်လာ ၇၅၅ သန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ပြင်သစ်နိုင်ငံမှ စီမံကိန်း သုံးခုမှ ဒေါ်လာ ၅၃၇ သန်း၊ လူဇင်ဘတ်နိုင်ငံမှ စီမံကိန်း သုံးခုမှ ဒေါ်လာ ၄၅ သန်း၊ ဆွစ်ဇာလန် နိုင်ငံမှ စီမံကိန်းသုံးခုမှ ဒေါ်လာ ၂၈ သန်းနှင့် ဂျာမနီနိုင်ငံမှ စီမံကိန်းနှစ်ခုမှ ဒေါ်လာ ခြောက်သန်းဖြင့် အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များထဲ၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စီမံကိန်း ၉၆ ခုမှ ဒေါ်လာ ၂၁ ဘီလျံကျော်ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပြီး စွမ်းအင်ကဏ္ဍ၌ စီမံကိန်း ကိုးခုမှ ဒေါ်လာ ၁၃ ဘီလျံကျော်ဖြင့် ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားကာ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စီမံကိန်း ၅၄၄ ခုမှ အမေရိကန် ဒေါ်လာ ၅၂၇၁ ဒသမ ၃၃၅ သန်းဖြင့် တတိယ အများဆုံး လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂနိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရန် ဆွေးနွေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများမှာ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံခြားသားနှင့် နိုင်ငံသား (ဖက်စပ်) ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment